ငပုတော မြို့နယ် ဖျံရေကျော် ကျေးရွာ စာသင်ကျောင်းဆောင်သစ်အား ကြည့်ရှု စစ်ဆေး

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် ငပုတော မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးကျော်သူမင်းနဲ့ မြို့နယ် နည်းပညာ အကြံပေး အဖွဲ့ခေါင်းဆောင် ဒေါ် ရီရီဌေးတို့က လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းနဲ့ ဖျံရေကျော် ကျေးရွာ အုပ်စု ဖျံရေကျော် ကျေးရွာမှာ စာသင်ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှု အခြေ အနေတွေကို ဇွန်လိုင်လ ၁၆ ရက်နေ့ မနက်ပိုင်းက ကြည့်ရှု့ စစ်ဆေးပြီးတော့ ဆောင်ရွက်ပြီး လုပ်ငန်းတွေကို ရေရှည် တည်တံ ခိုင်မြဲအောင် ဝိုင်းဝန်း ထိန်းသိမ်းကြဖို့ ဆွေးနွေး မှာကြားခဲ့ပါတယ်။

 

အဲဒီ ကျေးရွာ စာသင်ကျောင်းဆောင်သစ်ကို လူထု ဗဟိုပြု စီမံကိန်းမှ စတုတ္ထနှစ် စက်ဝန်း ထောက်ပံ့ ရန်ပုံငွေ ကျပ် ၃၉၈ သိန်း နဲ့ ဖေဖေါ်ဝါရီလ တတိယပတ်က စတင် အကောင်အထည်ဖော် ဆောင်ရွက် ရာမှာ အခုအခါမှာတော့ ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးနေပြီ ဖြစ်ပါတယ်။

 

သတင်း - စိုးမိုးကျော်