NCDDP’s Village Street Construction in Tha Di Kho of Kun Tar in Hlaingbwe Completed 100 Percent
Kayin, 5 December 2020, Ministry of Information
လှိုင်းဘွဲ ဒီဇင်ဘာ ၅
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် ဆောင်ရွက်နေသော လူထုဗဟိုပြု စီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် ကွမ်တာကျေးရွာအုပ်စု၊ သဒီးခိုကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်း (အရှည် ၂၂၆၀ပေ x အကျယ် ၁၂ပေ x ထု ၆လက်မ)လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေ (၂၃,၇၀၀,၀၀၀)ကျပ်ဖြင့် အောက်တိုဘာလ ၂၀ရက်နေ့တွင် စတင် အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းကို လူထုဗဟိုပြု စီမံကိန်းမှ လက်ထောက် နည်းပညာမှူး မခိုင်ဇင်ညို၊ လူထုစည်းရုံးရေးမှူးမမေမိုးသူ တို့မှ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်အေးမြနန္ဒာထွန်း၊ ပြည်နယ် အင်ဂျင်နီယာ အကြံပေးနှင့် မြို့နယ် နည်းပညာ အကြံပေး အဖွဲ့တို့၏ စနစ်တကျ လမ်းညွန်မှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပြီး သဒီးခို ကျေးရွာမှ အိမ်ထောင်စု (၂၆၄)စု၊ လူဦးရေ (၁၈၈၄)ဦးတို့၏ ပညာရေး၊ကျန်းမာရေး၊ စီပွားရေး၊ လူမှုရေးများ အတွက်သွား/လာရေးလွယ်ကူချောမွေ့ အဆင်ပြေလာမည်ဖြစ်ကြောင်းသိရပါသည်။
ခင်စန်းမြင့်(ပြန်/ဆက်)
#NCDDP, #DRD, #MOALI, #WorldBank
Credit – Ministry of Information