ကျိုက်မ​ရောမြို့နယ်၌ Cash for Work စီမံကိန်း မိတ်ဆက် ရှင်းလင်းပွဲ ကျင်းပ

ကျိုက်မ​ရော ဇူလိုင် ၇

မွန်ပြည်နယ် ကျိုက်မ​ရောမြို့နယ်၌ ​ကိုဗစ်-၁၉ ကာလအတွင်း စီးပွား​ရေးပြန်လည် ထူ​ထောင်​ရေးနှင့်​ ကျေးလက်ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိ​ရေးနှင့် မိသားစုဝင်​ငွေရရှိရန် (Cash for Work) စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကို ယမန်​နေ့ည​နေ ၃ နာရီ က ကလိုင်းကနိုင်ကျေးရွာ အင်း​ကျောင်းဘုန်းကြီး​ကျောင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါ cash for work စီမံကိန်းမိတ်ဆက်ရှင်းလင်းပွဲတွင် ပြည်နယ်လွှတ်​တော် ကိုယ်စားလှယ်​ဒေါ်ခင်မျိုးမြင့်က အမှာစကား​ပြောကြားပြီး ကျိုက်မ​ရောမြို့နယ် ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန၊ ဦးစီးမှူးဦးပြည့် ဦးကိုကိုက Cash for work စီမံကိန်းအ​ကြောင်း မိတ်ဆက်ရှင်းလင်းရာ၌ ကိုဗစ်-၁၉ ကာလအတွင်း​ကျေးလက်​ဒေသပြည်သူများမိသားစုဝင်​ငွေ ရရှိရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိရန်၊ အဓိကလုပ်အားအတွက် ဝင်​ငွေရရှိ​စေရန် ရည်ရွယ်၍ယခုစီမံကိန်းကို​ဆောင်ရွက်ရခြင်းဖြစ်​ကြောင်းရှင်းလင်း​ပြောကြားခဲ့သည်။ ကျိုက်မ​ရော မြို့နယ်တွင် cash for work စီမံကိန်းအတွက် ​ကျေးရွာကုန်ထုတ်လုပ်ငန်းနှင့်​ ကျေးရွာအ​ခြေခံအ​ဆောက်အအုံအ​ထောက်အကူပြုစီမံကိန်းကျေးရွာ ၁၃ရွာကို​ရွေးချယ်၍ စီမံကိန်း အ​ကောင်အထည်​ဖော်ရာတွင် တစ်ရွာလျှင် စီမံကိန်း​ထောက်ပံ့​ငွေမှာ ကျပ်သိန်းတစ်ရာဖြစ်​ကြောင်း သိရသည်။

အဆိုပါစီမံကိန်းလုပ်ငန်းများကို​ဆောင်ရွက်ရန် ​ကျေးရွာ​ကော်မတီ ဖွဲ့စည်းပြီး ​ကျေးရွာ​ကော်မတီများက တာဝန်ယူ၍ လုပ်ငန်းများကို​ဆောင်ရွက်ရမည်ဖြစ်ကာ​ ကျေးလက်​ဒေသ၏ ကုန်ထုတ်လုပ်မှု၊​ ကျေးရွာဖွံ့ဖြိုး​ရေး လမ်းတံတားများနှင့် ရွာတွင်းလမ်းခင်းခြင်း လုပ်ငန်းများကို ဦးစား​ပေး​ရွေးချယ်ခဲ့​ကြောင်း မြို့နယ်​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှူး ဦးပြည့်ဦးကိုကိုထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)

#CERP, #CFW, #DRD, #MOALI

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA/7/07/2020/id-22964