ရှမ်းရွာသစ်မြို့ မဲကတောခီးကျေးရွာတွင် Cash for Work စီမံကိန်း လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီး

ရှမ်းရွာသစ် စက်တင်ဘာ ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စု မဲကတောခီးကျေးရွာ တွင် နိုင်ငံတော်မှ ချမှတ်ထားသော ကိုဗစ်-၁၉ကာလ စီးပွားရေးကုစားမှု အစီအစဉ် (CERP)အရ ကျေးလက်နေ ပြည်သူများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲ များကို ကုစားပေးနိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်နေသည့် ကျေးရွာတွင်း စိမ့်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်းနှင့် လမ်းဘေးဝဲယာ ရေနှုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းများကို ဩဂုတ်လမှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ရာမှ ယခုအချိန်တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီး ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ စီမံကိန်းလုပ်ငန်းတွင် လမ်းဘေးဝဲယာ ရေနှုတ်မြောင်းတူးဖော်ခြင်း လုပ်ငန်းနှင့် စိမ့်စမ်းရေ သွယ်တန်း ခြင်း လုပ်ငန်းကို ခွင့်ပြုငွေကျပ်(၁၀)သန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအချိန်တွင် ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီး ဖြစ်သည့်အတွက် ကျေးရွာနေပြည်သူ များနှင့် ကျောင်းသား/သူများ သောက်သုံးရေ အဆင်ပြေ လျှက်ရှိပြီး ယခင်ကထက် ပိုမိုဖွံ့ဖြိုး လာကာ မိသားစုများလည်း အပိုဝင်ငွေရရှိ၍ အဆင်ပြေကြ ကြောင်းကို ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးထံမှ သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/9693