မိုးကောင်းမြို့နယ် Cash for Work စီမံကိန်း မိတ်ဆက်ခြင်းနှင့် ကော်မတီများ ရွေးချယ်ခြင်း ကျေးရွာ ၅ ရွာတွင် ဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဇူလိုင်လ ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့တွေမှာ အောင်သာ ကျေးရွာ၊ မီးသွေးကုန်းကျေးရွာ၊ လွဲလောကျေးရွာ၊ ဖွေးဟော် ကျေးရွာနဲ့ အောင်ချမ်းသာ ကျေးရွာတွေမှာ Cash for Work စီမံကိန်း မိတ်ဆက်ခြင်းနဲ့ ကော်မတီဝင်များ ရွေးချယ်ခြင်း ကိုတော့ မြို့နယ် ဦးစီးမှူး ဒေါ်အေးအေးလင်း ဦးဆောင်ပြီးတော့ ဆောင်ရွက်လျက် ရှိရာ ကချင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူး ဦးကျော်လင်းအောင်က တက်ရောက် ခဲ့တယ် လို့လဲ သိရပါတယ်။

 

အခုလို Cash for Work စီမံကိန်း မိတ်ဆက်ရာမှာတော့ စီမံကိန်း ဆောင်ရွက်ရခြင်းရဲ့ အကျိုးကျေးဇူး၊ ကျေးရွာလူထု အတွက် စီမံကိန်း စက်ဝန်း၊ ငွေကြေး စီမံ ခန့်ခွဲမှု၊ စီမံကိန်း ကော်မတီ ဖွဲ့စည်းဆောင်ရွက်မှု၊ ဝယ်ယူရေး ဆောင်ရွက်မှု၊ စောင့်ကြည့် ကြီးကြပ်ခြင်းနဲ့ ဝေဖန် အကြံပြုခြင်းနဲ့ စီမံကိန်း လုပ်ငန်း ရွေးချယ်ခြင်း များကို ရှင်းလင်းခဲ့ပြီးတော့ ကျေးရွာ ကော်မတီဝင် ၉ ဦးအား မဲပေး ရွေးချယ်ခြင်းနှင့် စီမံကိန်း လုပ်ငန်းများကို ရွေးချယ်ခဲ့ကြပါတယ်။

 

Credit – SkyNet Media Coverage

#CERP

#CFW

#DRD

#MOALI