သပိတ်ကျင်းမြို့နယ် ကျေးရွာ ၄ ရွာရှိ Cash for Work စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင် ခရိုင် သပိတ်ကျင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကိုဗစ်ကာလ စီးပွားရေး ကုစားမှု အစီအစဉ် (CERP) အရ Cash for Work စီမံကိန်း ပံ့ပိုးငွေနဲ့ ညောင်ကုန်း၊ (၆) မိုင်၊ တွင်းငယ်၊ ကွင်း (၃၀) ကျေးရွာတို့မှာ ကျေးရွာတွင်းလမ်း ဂျင်းခင်းခြင်း၊ ရေနုတ်မြောင်း တူးဖော်ခြင်း၊ ကျေးရွာ ဈေးပတ်လမ်း ခင်းခြင်း၊ စတဲ့ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို စက်တင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းက သပိတ်ကျင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးအောင်ကျော်ဆန်းနဲ့ ဝန်ထမ်းများက ကျေးရွာ စီမံကိန်း ကော်မတီဝင်များနဲ့ အတူ ကြည့် ရှု့ စစ်ဆေးပြီး၊ လုပ်ငန်းများ ရေရှည် တည်တံ့စေရန် စဉ်ဆက်မပြတ် ဝိုင်းဝန်း ထိန်းသိမ်း ဆောင်ရွက်ကြစေရန် အကြံပြု ဆွေးနွေး မှာကြားခဲ့ကြောင်း သိရပါတယ်။

 

သပိတ်ကျင်း မြို့နယ်မှာ Cash for Work စီမံကိန်း ယခု ဘဏ္ဍာနှစ်မှာ ကျေးရွာ ၄ ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ အခုအခါ လုပ်ငန်းများ အားလုံး ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးနေပြီ ဖြစ်တာကြောင့် ကျေးရွာ ၄ ရွာမှာ ရှိတဲ့ အိမ်ထောင်စု ၃၁၅ စုမှ လူဦးရေ ၁၄၀၃ ဦးကို ကိုဗစ်-၁၉ ကာလ အတွင်း ဝင်ငွေ ရရှိစေရေး အလုပ်အကိုင်များ ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း သပိတ်ကျင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးအောင်ကျော်ဆန်း ထံကနေ သိရပါတယ်။

 

သတင်း - ဖြိုးထက်အောင် (ပျော်ဘွယ်)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage