ဆောမြို့နယ် အညာပန်းပလွန်း ကျေးရွာ စီမံကိန်း လုပ်ငန်းခွဲတွေကို ကြည့်ရှု့စစ်ဆေး

မကွေးတိုင်းဒေသ ကြီး ဂန့်ဂေါ ခရိုင် ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အီတလီ ချေးငွေနဲ့ ဆောင်ရွက်လျက်ရှိတဲ့ လူထု ဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) ကျေးရွာ ဖြစ်တဲ့ အညာပန်းပလွန်း ကျေးရွာကို စီမံကိန်း လုပ်ငန်းခွဲဆောင်ရွက်နေမှုကို တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် (၁) ဦးထင်လင်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် (၂) ဦးကျော်မြင့်၊ ဆောမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်မင်းထွန်း၊ ဆော မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်မြဆန်းလင်း၊ ဆော မြို့နယ် လူထုဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေး အဖွဲ့ခေါင်းဆောင် ဒေါ်နီနီလွင်နဲ့ CASG နည်းပညာ အကြံပေး အဖွဲ့ဝင် ဦးရှုမောင်တို့က ကွင်းဆင်း ကြည့်ရှု့ခဲ့ပါတယ်။

မီးကြိုးမီးတိုင် အဆင့်မြင့်တင်ခြင်း လုပ်ငန်းတွေကို ကြည့်ရှု့ စစ်ဆေးခဲ့ပြီး၊ ကျေးရွာ စီမံကိန်း အထောက်အကူပြု ကော်မတီဝင်တွေနဲ့ တွေ့ဆုံကာ လိုအပ်တာတွေကို ပံ့ပိုးကူညီ ညှိနှိုင်းပေးခဲ့ပါတယ်။

သတင်း - ရှုမောင် (CSAGS)

#NCDDP, #DRD, # MOALI, # WorldBank