နွားထိုးကြီးမြို့နယ်တွင် Cash for Work စီမံကိန်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်း

ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေ လျော့နည်းလာမှုနဲ့ စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် အတွက် နိုင်ငံတော်က ချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေး ကုစားမှု အစီအစဉ် Covid-19 Economic Relief Plan (CERP) အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာနမှ ဆောင်ရွက်လျက် ရှိသော Cash for Work စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း နှင့် ကော်မတီ ရွေးချယ်ခြင်းတို့အား မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ကဒေါင်းအုပ်စု၊ ရွေပြည်သာကျေးရွာနှင့် ကဒေါင်းကျေးရွာ တို့တွင် ဇူလိုင်လ ၁၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

စီမံကိန်းမိတ်ဆက်ရှင်းလင်းပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ငြိမ်းသက်နွယ်မှ အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသိန်းက Cash for Work စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းပြီး ကျေးရွာများအတွင်း Cash for Work စီမံကိန်း လုပ်ငန်း အတွက် ကျေးရွာ ကော်မတီများ ဖွဲ့စည်းခဲ့သည်။

သတင်း - ထွန်းထွန်းလင်း၊ ချစ်ဦးကိုကို

နထိုးကြီး (ကျေးလက်)