မကွေးမြို့နယ် လင်းမြင့် ကျေးရွာအုပ်စုတွင် Cash for Work စီမံချက်ဖြင့် မြေသားရေကန် တူးဖော်

မကွေးတိုင်း ဒေသကြီး မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက Covid-19 ကြောင့် ကျေးလက်နေ ပြည်သူတွေရဲ့ လူမှု စီးပွားဘဝရဲ့ ထိခိုက်မှုတွေကို တုန့်ပြန် ဆောင်ရွက်တဲ့ အနေတဲ့ Cash for Work စီမံကိန်း ကို ရှေ့ပြေး စီမံကိန်း အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်တဲ့ လင်းမြင့် ကျေးရွာ အုပ်စု အလယ်တည် ကျေးရွာမှာ မြေသား မိုးရေလှောင်ကန် ပြုပြင် တူးဖော်ခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေတွေကို ဇူလိုင်လ ၄ ရက်နေ့ မနက် ၁၁ နာရီက တာဝန်ရှိသူတွေ ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။

လုပ်ငန်းဆောင်ရွက် ပြီးစီးမှုတွေကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးချုပ် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်း၊ မကွေးတိုင်းဒေသကြီး ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးအောင်တို့က ကွင်းဆင်း ကြည့်ရှု့ရာမှာ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်တင်တင်စိုးနဲ့ ကျေးရွာ ကော်မတီ ဝင်တွေက လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက် ခဲ့မှုတွေနဲ့ပတ်သတ်ပြီးတော့ ရှင်းလင်းတင်ပြပါတယ်။

မြေသား ရေကန် ပြုပြင် တူးဖော်ခြင်းအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Cash for Work ရန်ပုံငွေ ကျပ် သိန်း ၁၀၀ နဲ့ အကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်း ကျေးရွာရဲ့ ကုန်ထုတ်လုပ်ငန်းနဲ့ အခြေခံ အဆောက်အအုံ ဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ကျေးရွာသူ ကျေးရွာသားတွေ ကိုယ်တိုင် ရွေးချယ် ဖော်ထုတ် ဆောင်ရွက်စေပြီး၊ ချက်ချင်း လုပ်အားခ ပေးချေခြင်း စနစ်နဲ့ ကျေးလက်နေ ပြည်သူတွေရဲ့ ဝင်ငွေ ရရှိဖို့ ရည်ရွယ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။

သတင်း - စိုးမိုးကျော်

Credit- SkyNet Media Coverage

#CERP, #CFW, #DRD, #MOALI