လူထု ဗဟိုပြု စီမံကိန်း မိုးကောင်းမြို့နယ် Mask Campaign ကျင်းပ ပြုလုပ်

ကချင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဇော်နောင်က ပြည်နယ် လူထု ဗဟိုပြု စီမံကိန်း တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်လင်းအောင်နဲ့အတူ ဇွန်လ ၁၂ ရက်နေ့က မိုးကောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်း ရုံးမှ မြို့အဝင် တိုင်းရင်းဆေးရုံရှေ့မှာ Information Campaign, Mask Campaign ကျင်းပ ပြုလုပ်နေမှုကို ကြည့်ရှု့ ခဲ့ရာ မြို့နယ် ဦးစီးမှူး ဦးမြသိန်းဝင်းနဲ့ လူထုဗဟိုပြု စီမံကိန်း တာဝန်ခံတို့က Campaign ဆောင်ရွက်နေမှု အကြောင်းကို ရှင်းပြပြီး၊ ပြည်နယ် ညွှန်ကြားရေးမှူး ဦးဇော်ဇော်နောင်က အများပြည်သူများအား Mask များကို အခမဲ့ ပေးဝေခဲ့ပါတယ်။

 

မိုးကောင်းမြို့နယ် အတွင်းမှာ ရှိတဲ့ လူစည်ကားရာ နေရာများမှာ Corona Virus တားဆီးကာကွယ်ရေး အသိပညာပေးရန်နှင့် Mask များတပ်ဆင် သွားလာ ကြရန် ရည်ရွယ်ပြီး၊ Information Campaign, Mask Campaign ကို ကျင်းပ ပြုလုပ်ရန် Union ၏ ညွှန်ကြားချက်နဲ့ အညီ မိုးကောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်းရုံးမှ မြို့ပေါ်ရှိ လူစည်ကားရာ နေရာများမှာ ကျင်းပ ပြုလုပ်လျက် ရှိပါကြောင်း၊ ဇွန်လ ၁၂ ရက်နေ့ မနက် ၈ နာရီက နမ္မတီး မြို့ ဈေးရှေ့မှာ Mask အခု ၃၅၀ နဲ့ နေ့လည် ၂ နာရီက မြို့အဝင် တိုင်းရင်းဆေးရုံ ရှေ့မှာ Mask ၂၀၀ ဝေငှခြင်းကို လည်းကောင်း၊ ဇွန်လ ၁၁ ရက်နေ့က မိုးကောင်းမြို့အဝင် Covid-19 ထိန်းချုပ် ကာကွယ်ရေး လုပ်ငန်း စဉ် အဖြစ် အများပြည်သူများ ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်တဲ့နေရာမှာ Mask အခု ၃၅၀ ကိုလည်းကောင်း ပေးဝေခဲ့တယ်လို့ Team Leader ဒေါ်အေးအေးလင်းထံမှ သိရပါတယ်။

 

သတင်း- ဧဧလေး

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank