လူထု ဗဟိုပြု စီမံကိန်းကို ခရမ်းမြို့နယ်တွင် တိုးချဲ့ အကောင်အထည်ဖော်ရန် မိတ်ဆက်ပွဲ ကျင်းပ

NCDDP’s Virtual Socialization Meeting Organzied for Project Implementation in Kayan

Yangon, 25 November 2020l, SkyNet Media Coverage

 

ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်နေတဲ့ လူထုဗဟိုပြု စီမံကိန်း ကို ၂၀၂၀-၂၀၂၁ ဘဏ္ဏာရေး နှစ်မှာ တိုးချဲ့ အကောင် အထည်ဖော် ဆောင်ရွက်မယ့် ရန်ကုန်တိုင်း ဒေသကြီး၊ ခရမ်းမြို့နယ် စီမံကိန်း မိတ်ဆက်ပွဲ အခမ်းအနားကို ၊ နိုဝင်ဘာလ ၂၄ ရက်နေ့ မနက် ၁၀ နာရီခွဲ အချိန်က Virtual Conferencing စနစ်နဲ့ ကျင်းပခဲ့ပါတယ်။

ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း မှ အဖွင့် အမှာစကား ပြောကြားခဲ့ပြီး ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ် တစ်ဦးက မိတ်ဆက် အမှာစကားပြောကြားကြပါတယ်။

ဆက်လက်ပြီး ညွှန်ကြားရေးမှူး ဦးလှခိုင်မှ လူထု ဗဟိုပြု စီမံကိန်း အကြောင်း မိတ်ဆက် ရှင်းလင်း ပြောကြား ပါတယ်။ အဲဒီနောက် စီမံကိန်း အခမ်းအနားကို တက်ရောက်လာကြသူတွေက စီမံကိန်းနဲ့ ပတ်သတ်ပြီး သိရှိလို တာတွေကို မေးမြန်းကြရာ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်နဲ့ တာဝန်ရှိသူတွေက ပြန်လည် ဖြေကြားပေးခဲ့ပြီး၊ ရန်ကုန်တိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်လင်းသန်းက နိဂုံးချုပ် ကျေးဇူးတင် စကား ပြောကြား အခမ်းအနားကို ရုတ်သိမ်းခဲ့ပါတယ်။

လူထု ဗဟိုပြု စီမံကိန်း (Community Driven Development) CDD Project သတ္တမနှစ် စက်ဝန်းမှာ မြန်မာ နိုင်ငံ အတွင်း မြို့နယ်ပေါင်း ၁၃ မြို့နယ် တိုးချဲ့ဆောင်ရွက်ဖို့ လျာထားပြီး၊ ရန်ကုန်တိုင်း ဒေသကြီး ခရမ်းမြို့နယ်ကို လည်း ထပ်မံ တိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

သတင်း - သန်းလွင် (မကွေး)၊ ကိုကျော် (သုံးခွ)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage