လူထုဗဟိုပြု စီမံကိန်းမှ လှိုင်းဘွဲမြို့နယ် လက်ပံကုန်း ကျေးရွာတွင် ရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်

NCDDP’s Village Concrete Street Construction Kicked Off in Let Pan Kone Village of Hlaingbwe

Kayin, 11 November 2020, SkyNet Media Coverage

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) မှာ သာယာကုန်း ကျေးရွာအုပ်စု လက်ပံကုန်း ကျေးရွာ ရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို နိုဝင်ဘာလ ၉ ရက်နေ့က စတင် ဆောင်ရွက်ခဲ့ ပါတယ်။

အဆိုပါ ရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်းက လူထု ဗဟိုပြု စီမံကိန်းမှ ထောက်ပံ့ငွေ ၂၄,၄၅၀,၀၀၀ ကျပ်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ပြီးတော့ လှိုင်းဘွဲ့မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နဲ့ မြို့နယ် နည်းပညာ အကြံပေး အဖွဲ့တို့ရဲ့ စနစ်တစ်ကျ လမ်းညွှန်မှု၊ လက်ထောက် နည်းပညာမှူး ဒေါ်ဝင်းဇာနည်ခိုင်၊ လူထု စည်းရုံးရေးမှူး စောသန်းကျော်လင်းတို့ရဲ့ အနည်းကပ် ကြီးကြပ်မှုနဲ့ ကျေးရွာသူ ကျေးရွာသားတို့ရဲ့ ပူးပေါင်း ပါဝင်မှုတို့နဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။

 

သတင်း - မြို့နယ် (ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage