ထီးလင်း မြို့နယ် ဝန်ထမ်းအိမ်ယာ တည်ဆောက်နေမှု ကြည့်ရှု့ စစ်ဆေး

မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးမျိုးအောင်၊ ဂန့်ကော ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးဝင်းအောင် ဒုတိယ ညွှန်ကြားရေးမှူးနဲ့ အဖွဲ့ဟာ ထီးလင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးကို မေလ ၂၁ ရက်နေ့က ရောက်ရှိလာပြီး၊ လူထု ဗဟိုပြု စီမံကိန်းက ဝန်ထမ်းတွေ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဝန်ထမ်းတွေနဲ့ တွေ့ဆုံကာ စီမံကိန်း လုပ်ငန်းဆောင်ရွက် ထားမှု အခြေအနေတွေ အခက်အခဲ လိုအပ်ချက်တွေကို ဆွေးနွေးပြီးတော့ တင်ပြလာတာတွေကို ပေါင်းစပ် ညှိနှိုင်း‌ ဆောင်ရွက်ပေးပြီး၊ အဲဒီ ရုံးမှာ ရှိတဲ့ နှစ်ခန်းတွဲ ၂ ထပ် ဝန်ထမ်းအိမ်ယာ တည်ဆောက်နေမှု၊ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်တွေ၊ လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲနဲ့ လိုအပ်ချက်တွေ စာရင်း ဇယား ထားရှိမှုတွေကို ကြည့်ရှု့ စစ်ဆေးပြီးတော့ လိုအပ်တာတွေ လမ်းညွှန်မှာကြားခဲ့ပါတယ်။

အဲဒီ အလျား ၅၄ ပေ၊ အနံ ၂၄ ပေ၊ အမြင့် ၂၄ ပေ ရှိတဲ့ သံကူ ကွန်ကရစ် ၂ ထပ် အဆောက်အဦးကို တိုးတက် မြင်သာ ကုမ္ပဏီကနေ တာဝန်ယူ ဆောင်ရွက်လျက် ရှိပြီးတော့ တစ်ယူနစ်ကို အိပ်ခန်း ၂ ခန်း၊ ဧည့်ခန်း တစ်ခန်း၊ မီးဖိုခန်း တစ်ခန်း၊ ရေချိုးခန်း တစ်ခန်း၊ အိမ်သာခန်း တစ်ခန်းပါရှိမှာ ဖြစ်ပြီးတော့ စုစုပေါင်း ၄ ယူနစ်ပါ အဆောက်အဦး ဖြစ်ပါတယ်။

ခန့်မှန်းကုန်ကျငွေက တော့ ကျပ် ၈၁ ဒဿမ ၉ သန်း ကုန်ကျမှာ ဖြစ်ပြီးတော့ အခု အခါမှာတော့ ၉၀ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးလျက် ရှိပါတယ်။

သတင်း - ဉာဏ်တိုး (ပေါက်)

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank