စီမံကိန်း စီစစ်ရေးနဲ့ တိုးတက်မှု အစီရင်ခံရေး ဦးစီးဌာနက ပျဉ်းမနား မြို့နယ်ရှိ လူထုဗဟိုပြု စီမံကိန်းလုပ်ငန်းတွေကို ကွင်းဆင်း စစ်ဆေး

ပြည်ထောင်စု နယ်မြေ နေပြည်တော် ‌ကောင်စီ နယ်မြေအတွင်းမှာ ရှိတဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွေ မှာဆောင်ရွက်လျက် ရှိတဲ့ ရန်ပုံငွေကျပ် သန်း ၂၀၀၀ နဲ့အထက် လုပ်ငန်းများ စီမံကိန်းနဲ့ လုပ်ငန်းတွေရဲ့ဆောင်ရွက်ပြီးစီးမှု အခြေအနေတွေကို စီမံကိန်း စီစစ်ရေးနဲ့ တိုးတက်မှု အစီရင်ခံရေး ဦးစီးဌာနက စစ်ဆေးရေး အဖွဲ့တွေဟာ မတ်လ ၁၂ ရက်နေ့က ပျဉ်းမနား မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဆောင်ရွက်လျက်ရှိတဲ့ လူထုဗဟိုပြု စီမံကိန်း ကျေးရွာတွေကို ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။

ကွင်းဆင်းစစ်ဆေးရာမှာ နေပြည်တော်တိုင်း လူထုဗဟိုပြု စီမံကိန်းက Regional Office Consultant ဒေါ်နုနုရီ၊ ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဝင်းဇော်၊ မြို့နယ် နည်းပညာ အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကျော်မိုးအောင်နဲ့ စီမံကိန်း တာဝန်ရှိဝန်ထမ်းတွေ လိုက်ပါပြီး၊ စီမံကိန်း ရန်ပုံငွေတွေနဲ့ ဆောင်ရွက်နေတဲ့ ကျေးရွာ အုပ်စု ၂၉ အုပ်စု အတွင်းမှာ ရှိတဲ့ ကျေးရွာ ၁၃၉ ရွာအနက် မအူပင် ကျေးရွာ၊ တာတိုင်ကုန်း ကျေးရွာ၊ ကျီးဖြူရိုး ကျေးရွာ၊ ညောင်ပင်လှ ကျေးရွာတွေကို ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်နေမှုနဲ့ ဆောင်ရွက်ပြီးစီးမှု အခြေအနေတွေကို မြေပြင် ကွင်းဆင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

သတင်း - သွင်ထူးအောင်

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank