ဆောမြို့နယ် လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန မကွေးတိုင်း ဂန့်ကောခရိုင် ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းမှာ ပုလဲကျေးရွာ အုပ်စုနဲ့ တင့်တူကျေးရွာ အုပ်စုအတွင်း ဆောင်ရွက်နေတဲ့ လုပ်ငန်း ခွဲတွေကို ဆောမြို့နယ် လူထုဗဟိုပြု စီမံကိန်း စီမံကိန်း တာဝန်ခံ ဒေါ်သီရိဇင်မင်း၊ နည်းပညာ အကြံပေး အဖွဲ့ခေါင်းဆောင် ဒေါ်နီနီဝင်း၊ ဝယ်ယူရေး တာဝန်ခံ ဒေါ်နန်းမြတ်နှင်းနဲ့ ကျေးရွာတာဝန်ခံ လူထုစည်းရုံးရေးမှူးနဲ့ လက်ထောက် နည်းပညာမှူးတို့က မေလ ၁၄ ရက်နေ့မှာ ကွင်းဆင်း စစ်ဆေးတယ်လို့ သိရပါတယ်။

ကွင်းဆင်း စစ်ဆေးရာမှာ ပုလဲ ကျေးရွာအုပ်စု ပုလဲကျေးရွာမှာ KG ကျောင်းဆောင် ဆောက်လုပ်ခြင်း လုပ်ငန်း၊ ဖျံကျေးရွာမှာ ရွာတွင်းလမ်း သဲကျောက်ခင်းခြင်း လုပ်ငန်း၊ တင့်တင်အုပ်စု နှီးကျေးရွာမှာ KG ကျောင်းဆောင် ဆောက်လုပ်ခြင်း လုပ်ငန်းနဲ့ ပေါက်ချောင်းကျေးရွာမှာ ကျေးရွာ ဘက်စုံသုံး ခန်းမ ဆောက်လုပ်ခြင်း လုပ်ငန်း တို့ကို ကြည့်ရှု့ စစ်ဆေးပြီး၊ စစ်ဆေးတွေ့ရှိချက်နဲ့ လိုအပ်ချက်တွေကို ဆွေးနွေး မှာကြားပါတယ်။

လုပ်ငန်းခွဲတွေ ဆောင်ရွက်နေစဉ် အတွင်းမှာ လိုအပ်ချက်တွေကို မှာကြားရာမှာ လုပ်ငန်းတွေ လျင်မြန်စွာ ပြီးစီးစေရေး၊ Covid-19 ရောဂါ ကာလအတွင်း လုပ်ငန်း ဆောင်ရွက်ရာမှာ လူစု လူဝေး အနည်းဆုံး ဖြစ်စေဖို့ နေ့အလုက် လုပ်ငန်းတာဝန်တွေ ခွဲဝေဖို့နဲ့ အခုကာလဟာ ရာသီဥတု အရမ်းကို ပူပြင်းတဲ့ အတွက်ကြောင့် လုပ်ငန်းတွေ ဆောင်ရွက်စဉ်မှာ စနစ်တစ်ကျ အစီအစဉ်ဆွဲ ပြီးတော့ သတ်မှတ်နိုင်စေရေး စတာတွေကို ဆွေးနွေးမှာကြားတယ်လို့ သိရပါတယ်။

သတင်း - တင်အောင်မိုးမြင့်

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank,