မိုးကောင်းမြို့နယ် လူထု ဗဟိုပြု စီမံကိန်း ကျေးရွာပေါင်း ၇၉ ရွာမှာ လုပ်ငန်းခွဲပေါင်း ၁၁၁ ခု ဆောင်ရွက်ပြီးစီး

NCDDP’s 111 Sub-project Activities accomplished in 79 Villages of Mogaung

Kachin, 16 October 2020, SkyNet Media Coverage

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက လူထု ဗဟိုပြု စီမံကိန်းကို ကျေးရွာပေါင်း ၇၉ ရွာမှာ လုပ်ငန်းခွဲပေါင်း ၁၁၁ ခုအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ လုပ်ငန်းခွဲများ အားလုံး ပြီးစီးပြီ ဖြစ်ကြောင်း သိရှိရပါတယ်။

လုပ်ငန်းခွဲတွေ ပြီးစီးသွားကြောင်း အောက်တိုဘာလ ၁၄ ရက်နေ့က ဆားမှော် ကျေးရွာ အုပ်စု၊ ဆားမှော်ကျေးရွာ မှာ နေ့လည် ၁၁ နာရီ အချိန်က လူထု စစ်ဆေးပွဲနဲ့ ကျေးရွာ ဘက်စုံသုံး ခန်းမဖွင့်ပွဲအား ကျင်းပ ပြုလုပ်ခဲ့ရာ မြို့နယ် TPIC ဥက္ကဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲနိုင်ထွန်း၊ မြို့နယ် ဦးစီးမှူး ဒေါ်အေးအေးလင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းအောင် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီးနောက် စာရင်း ဇယားများအား ကြည့်ရှု့ စစ်ဆေးခြင်း၊ ကျေးရွာ ကော်မတီ ဝင်များနှင့် ရပ်မိ ရပ်ဖတွေကို စီမံကိန်းနဲ့ ပတ်သတ်ပြီး ရှင်းလင်း ပြောကြား ခဲ့ပါတယ်။

ဆားမှော် ကျေးရွာ အုပ်စု၊ ဆားမှော်ကျေးရွာမှာ လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းမှာ ကျေးရွာ ဘက်စုံသုံး ခန်းမဆောင် တည်ဆောက်ခြင်း၊ ခန်းမ ခြံစည်းရိုး ကာရန်ခြင်းနှင့် သန့်စင်ခန်း တည်ဆောက်ခြင်း၊ ကျေးရွာ အားကစားကွင်း ပြုပြင်ခြင်း စတဲ့ လုပ်ငန်းခွဲ ၃ ခုကို စီမံကိန်း ထောက်ပံ့ ရန်ပုံငွေကျပ် ၈၄၃ သိန်း၊ ကျေးရွာ လူထု ထည့်ဝင်ငွေ ကျပ် ၄,၅၆၅,၀၀၀ စုစုပေါင်း လုပ်ငန်းခွဲ ၃ ခုအတွက် ကုန်ကျငွေပေါင်း ၈၈,၈၆၅,၀၀၀ ကျပ် နဲ့ လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြောင်းနဲ့ ဆားမှော်ကျေးရွာမှာ ဆောင်ရွက်တဲ့ လူထု စစ်ဆေးပွဲမှာ စတုတ္ထနှစ် စက်ဝန်းရဲ့ ၇၉ ရွာမြောက် လူထု စစ်ဆေးပွဲ ဖြစ်ပါကြောင်း မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်အေးအေးလင်းထံမှ သိရှိရပါတယ်။

သတင်း - ဧဧလေး

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage