မဘိမ်းမြို့နယ်တွင် Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေး ၅ ရက်တာ လှုပ်ရှားမှု ပြုလုပ်

ရှမ်းပြည်နယ် မြောက်ပိုင်း မဘိမ်းမြို့နယ်မှာ Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေး ၅ ရက်တာ လှုပ်ရှားမှုကို မတ်လ ၂၇ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ပါတယ်။

အဲလှုပ်ရှားမှုမှာ မဘိမ်းမြို့နယ် လူထုဗဟိုပြု စီမံကိန်း ဝန်ထမ်းတွေက Covid-19 ရောဂါ ကြိုတင် ကာကွယ်နိုင်မယ့် နည်းလမ်းတွေနဲ့ ဆောင်ရန် ရှောင်ရန် လက်ကမ်းစာစောင်တွေကို ဖြန့်ဝေပေးခဲ့ကြတာပါ။

ဒါ့အပြင် ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေကို လိုက်လံ အသိပေး နိုးဆော်တာ ကြော်ငြာသင်ပုန်းတွေနဲ့ အများပြည်သူ တွေ သွားလာရာ လမ်းဘေး နေရာတွေမှာ အသိပညာ ပေး ပို့စတာ ချိတ်ဆွဲတာတွေကို အရှိန်အဟုတ်မြှင့် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

သတင်း- ကိုကိုအောင် (မဘိမ်း)

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank