လူထု ဗဟိုပြု စီမံကိန်းနဲ့ ကနီနဲ့ ဂွမြို့နယ်မှာ ရှိတဲ့ ကျေးရွာတွေ ကွန်ကရစ် လမ်းခင်းခြင်း ပြီးစီး

NCDDP’s Village Concrete Street Construction in Kani and Gwa Completed

Sagaing and Rakhine, 1 November 2020, SkyNet Media Coverage

စစ်ကိုင်းတိုင်း ဒေသကြီး ကနီ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စီမံကိန်း စက်ဝန်းအရ စီမံကိန်း ဝင် ကျေးရွာတွေ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေတွေကို ယခုလ ၂၀ ရက်နေ့က တာဝန်ရှိသူတွေ ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးခဲ့ပါတယ်။

အဲလို စစ်ဆေးရာမှာ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး၊ မြို့နယ် စီမံကိန်း တာဝန်ခံတွေနဲ့ မြို့နယ် အင်ဂျင်နီယာတို့က နတ်လာပို့ (မြောက်) ကျေးရွာ အုပ်စုရှိ သပြေတော ကျေးရွာနဲ့ အုန်းပင်ဆိပ် ကျေးရွာတို့မှာ ရွာတွင်းလမ်း ကွန်ကရစ်ခင်းတဲ့ လုပ်ငန်း ပြီးစီးမှု အခြေအနေတွေကို လှည့်လည် ကြည့်ရှ့ ကြပြီး၊ လိုအပ်ချက်တွေ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါတယ်။

ဒါ့အပြင် ကျေးရွာ ရပ်မိ ရပ်ဖတွေ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ၊ စီမံကိန်း အထောက်အကူ ပြု ကော်မတီဝင် တွေနဲ့ တွေ့ဆုံပြီး၊ စီမံကိန်း လုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့၊ လုပ်ငန်းတွေ ဆောင်ရွက် ပြီးစီးမှုနဲ့ လုပ်ငန်းဆောင်ရွက်ရာမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကို မေးမြန်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် သံတွဲ ခရိုင် ဂွမြို့နယ်ရှိ တိုင်ကျိုး ကျေးရွာမှာ တပင်တိုင်လမ်းနဲ့ ဒက္ခိဏရာမလမ်းတွေကို ကွန်ကရစ်ခင်းတဲ့ လုပ်ငန်းဆောင်ရွက်ခဲ့ရာ အခုအခါမှာ လုပ်ငန်း တွေ ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ပါတယ်။

အဲဒီလမ်းတွေကို စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရဲ့ လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေနဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်း အပြီးဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

အခုလ ပထမပတ်ကလည်း လူထု ဗဟိုပြု စီမံကိန်း တာဝန်ရှိသူတွေက ဦးစီးပြီးတော့ လူထု စစ်ဆေးပွဲကို ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တပင်တိုင်လမ်းနဲ့ ဒက္ခိဏရာမ လမ်းတွေကို ကွန်ကရစ်ခင်း ပြီးစီးပြီ ဖြစ်တာကြောင့် ဒေသခံ ကျေးရွာ ပြည်သူတွေ အနေနဲ့ သွားလာရေး အဆင်ပြေတော့မှာ ဖြစ်ပါတယ်။

သတင်း - မင်းမြင့်မိုရ်

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage