ပေါက်မြို့နယ် လယ်ယာကျေးရွာ ရွာတွင်းလမ်း မြေနီခင်းခြင်း လုပ်ငန်းအတွက် လူထုစစ်တမ်း ကောက်ယူ

စိုက်ပျိုးရေး၊ ‌မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူး ပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) ကိုပေါက်မြို့နယ်၊ ဝန်ခြုံးအုပ်စု၊ လယ်ယာကျေးရွာ ရွာတွင်းလမ်း မြေနီခင်းခြင်း လုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်ပြီးစီး နေပြီဖြစ်တဲ့ အတွက် ဆောင်ရွက်ပြီးစီးသွားတဲ့ စီမံကိန်း လုပ်ငန်းခွဲတွေရဲ့ လုပ်ငန်းစဉ်နဲ့ ရလာဒ် အပေါ်မှာ ကျေးရွာ လူထုရဲ့ စိတ်ကျေနပ်မှု အပေါ် မဲပေးနိုင်ဖို့ အိမ်တိုင်ရာရောက် စာရွက်တွေ ဝေပြီး ကောက်ယူတာကို ဇူလိုင်လ ၂၈ ရက်နေ့ မနက် ၈ နာရီ အချိန်က စတင်ပြီး၊ လယ်ယာ ကျေးရွာမှာ တာဝန်ကျ စီမံကိန်းဝန်ထမ်းတွေနဲ့ ကျေးရွာစီမံကိန်း အထောက်အကူပြု ကော်မတီဝင်တွေက ဦးဆောင်ပြီး၊ ကျေးရွာအတွင်းမှာ လှည့်လည်ဆောင်ရွက်ကြရာ လူထုဗဟိုပြုစီမံကိန်း လက်ထောက်နည်းပညာမှူး ဦးကျော်သက်၊ လူထုစည်းရုံးရေးမှူး ဦးခိုင်ဇော်ဝင်း စသည့် တာဝန်ကျ ဝန်ထမ်းတွေက အတူလိုက်ပါ ကြီးကြပ် ပေးခဲ့ကြပါတယ်။

အဲဒီ ရွာတွင်းလမ်း မြေနီ ခင်းခြင်းနဲ့ ပတ်သတ်ပြီး စိတ်ကျေနပ်မှု အပေါ် မဲပေးရာမှာ အိမ်ထောင်စုပေါင်း ၁၆၅ စု က လုပ်ငန်းစဉ်မှာ ကျေးရွာလူထုက မဲပေးရာ အလွန် ကျေနပ်မဲ( ၉၆)၊ ကျေနပ်မဲ ( ၆၇)မဲနှင့် မကျေနပ်မဲ( ၂ ) တို့ရရှိပြီး၊ ရလဒ်တွင် အလွန်ကျေနပ်မဲ (၁၀၅ )၊ ကျေနပ်မဲ( ၅၈ ) မဲ နဲ့ မကျေနပ်မဲ( ၂ ) မဲ ရရှိပြီး လူထုစစ်ဆေးပွဲ ရလာဒ်တွေကို ကျေးရွာလူထု သိရှိစေဖို့ လော်စပီကာနဲ့ ကြေငြာပေးခဲ့ပါကြောင်း၊ လက်ထောက်နည်းပညာမှူး ဦးကျော်သက်မှ ပြောကြားပါတယ် ။

သတင်း - မျိုးဝင်းထွန်း (CDD)

Credit – SkyNet Media Coverage

#NCDDP, #DRD, # MOALI, # WorldBank