မိုးကောင်းမြို့နယ် လူထုဗဟိုပြု စီမံကိန်း မရမ်းကျေးရွာ ဘက်စုံသုံးခန်းမ လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဦးဇော်ဇော်နောင်က မိုးကောင်းမြို့နယ် မရမ်းကျေးရွာမှာ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ချမ်းမြေ့ဦး ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်နေတဲ့ မရမ်းကျေးရွာ ကျေးလက် လယ်ယာကုန်ထုတ်လမ်း ၃ မိုင်နဲ့ တံတား အတိုင်းအတာ အကျယ် အရှည် ၆ပေ၊ အကျယ် ပေ ၂၀၊ အမြင့် ၆ ပေ ဆောင်ရွက်နေတဲ့လုပ်ငန်းနဲ့ လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စီမံကိန်းမှ မရမ်းကျေးရွာ ဘက်စုံသုံးခန်းမ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက် နေမှုတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ မိုးညှင်းခရိုင် ဦးစီးမှူး ဦးသောင်းထိုက်နဲ့ မိုးကောင်းမြို့နယ် ဦးစီးမှူး ဦးမြသိန်းဝင်းတို့မှ လုပ်ငန်း ဆောင်ရွက် ထားရှိမှုတို့ကို ရှင်းလင်း တင်ပြခဲ့ကြပါတယ်။

ထိုကဲ့သို့ ကွင်းဆင်း စစ်ဆေးရာမှာ ပြည်နယ်ညွှန်ကြားရေးမှူး ဦးဇော်ဇော်နောင်မှ လုပ်ငန်းများ သတ်မှတ် စံချိန် စံညွှန်း ပြည့်မှီရေးနဲ့ အချိန်မှီ ပြီးစီးရေးအတွက် ကျေးရွာ ကော်မတီဝင်များမှ ပူးပေါင်း ဆောင်ရွက်ကြရန်နှင့် ခရိုင်နှင့် မြို့နယ်မှ အနီးကပ် ကြီးကြပ်ဆောင်ရွက်ရန် မှာကြား ခဲ့ကြောင်း သိရပါတယ်။

သတင်း- ဧဧလေး

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank