ဘားအံမြို့နယ် လူထုဗဟိုပြုစီမံကိန်း မိတ်ဆက် ရှင်းလင်းပွဲသို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် တက်ရောက်

Kayin Region Chief Minister Delivers Opening Remarks at NCDDP’s Socialization Meeting for Hpa-an

Kayin, 24 November 2020, Ministry of Information

ဘားအံ နိုဝင်ဘာ ၂၄

 

ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်‌ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လူထု ဗဟိုပြုစီမံကိန်း (CDD) ကို ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်မှာ ဘားအံမြို့နယ်မှာ စတင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ နိုဝင်ဘာလ ၂၄ ရက်နေ့ မနက်ပိုင်းမှာ မြို့နယ်အဆင့် စီမံကိန်း မိတ်ဆက်ရှင်းလင်းတဲ့ အလုပ်ရုံ ဆွေးနွေးပွဲကို Video Conferencing စနစ်နဲ့ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အဲဒီ စီမံကိန်း မိတ်ဆက်ရှင်းလင်းတဲ့ အလုပ်ရုံဆွေးနွေးပွဲကို ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က Video Conferencing စနစ်နဲ့ တက်ရောက် အမှာစကား ပြောကြားပြီး၊ ကျေးရွာ လူထုတွေကိုယ်တိုင် စီမံကိန်း လုပ်ငန်းကို ရွေးချယ်ပြီးတော့မှ လူထုတွေကိုယ်တိုင် အကောင်အထည်ဖော်ရတဲ့ စီမံကိန်း ဖြစ်တယ်လို့ လည်း သိရပါတယ်။

“ဒီစီမံကိန်းဟာ ကျနော်တို့ ဘားအံ မြို့နယ်မှာ ရှိတဲ့ ကျေးရွာ အုပ်စု ၉၁ အုပ်စု ကျေးရွာပေါင်း ၄၇၄ ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်သွားပါမယ်၊ ဒီစီမံကိန်းကတော့ ၄ နှစ် စီမံကိန်း ဖြစ်ပါတယ်။ ရွာကနေပြီး တင်ပြတဲ့ အခြေခံ အဆောက်အအုံ လုပ်ငန်းတွေ၊ ကျန်းမာရေး၊ ပညာရေးအတွက် စာသင်ကျောင်း စတဲ့ ကျေးရွာမှာ လိုအပ်တဲ့ အဆောက်အဦးတွေ၊ လမ်း၊ တံတားတွေ လိုအပ်ချက်တွေကို ကျေးရွာအုပ်စုအလိုက် လုပ်ငန်း တင်ပြပြီး၊ မြို့နယ် TPIC နဲ့ သက်ဆိုင်ရာ ဌာနတွေ ကနေပြီးတော့ ဦးစားပေး ကဏ္ဍအလိုက် ရွေးချယ်ပြီး၊ စီမံကိန်းကို လူထု လိုအပ်ချက်အရ ဦးစားပေး လုပ်ငန်းတွေကို နှစ်အလိုက် လေးနှစ် ဆက်တိုက် အကောင် အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

လူထု ဗဟိုပြုစီမံကိန်း (CDD) ကို မြန်မာ တစ်နိုင်ငံလုံးမှာ ၂၀၁၃ ခုနှစ်ကနေ စတင် အကောင်အထည်ဖော် ခဲ့တာ ၆၃ မြို့နယ် ရှိခဲ့ပြီ ဖြစ်တဲ့ အပြင်ကို အခုနှစ် လျာထားတဲ့ ၁၃ မြို့နယ်မှာ ကရင် ပြည်နယ် ဘားအံမြို့နယ် လည်း ပါဝင်တာ ဖြစ်တဲ့အတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ အခု အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရတာ ဖြစ်ပါတယ်။

လူထု ဗဟိုပြုစီမံကိန်း (CDD) ကို ကျေးရွာ လူထု ကိုယ်တိုင် ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် ရရှိလာတဲ့ အသီးအပွင့်တွေကို ကျေးရွာလူထု ကိုယ်တိုင် ပြန်ပြီး ခံစားရမှာ ဖြစ်ပါတယ်။

 

စောမျိုးမင်းသိန်း (ဘားအံခရိုင် ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit - Ministry of Information

https://web.facebook.com/watch/?v=130313281958889&t=42