မတူပီမြို့နယ် လူထု ဗဟိုပြု စီမံကိန်းမှ နော်တဲ (က) ကျေးရွာမှာ လူထု ခန်းမဆောင်သစ် ဆောက်လုပ် ပြီးစီး

Social Audit Conducted for NCDDP’s Village Hall Construction at Nhawte in Matupi

Chin, 18 October 2020, SkyNet Media Coverage

ချင်းပြည်နယ် မတူပီ ခရိုင် မတူပီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လူထု ဗဟိုပြု စီမံကိန်း နဲ့ စတုတ္ထနှစ် စက်ဝန်းအတွင်း နော်တဲ ကျေးရွာအုပ်စု နော်တဲ (က) ကျေးရွာမှာ စီမံကိန်း ထောက်ပံ့ ရန်ပုံငွေနဲ့ လူထု ခန်းမဆောင်သစ် ဆောက်လုပ် ပြီးစီးတာကြောင့် လူထု စစ်ဆေးမှုကို အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီက အဲဒီ ကျေးရွာ လူထု ခန်းမဆောင်သစ်မှာ ဆောင်ရွက်ခဲ့ပါတယ်။

မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ စီမံကိန်း တာဝန်ခံ ဒေါ်ချိုချို ဇင်မာမြင့်နဲ့ ဝန်ထမ်းအဖွဲ့က ကျေးရွာသူ ကျေးရွာ သားတွေကို တွေ့ဆုံပြီးတော့ စီမံကိန်းနဲ့ ဆောင်ရွက်တဲ့ လုပ်ငန်းအပေါ် အကြံ ပြုချက်တွေကို မေးမြန်းခဲ့ပါတယ်။

မတူပီ မြို့နယ်အတွင်း လူထု ဗဟိုပြု စီမံကိန်းနဲ့ စတုတ္ထနှစ် စက်ဝန်းမှာ ကျေးရွာ အုပ်စု ၆၂ အုပ်စု ကျေးရွာ ၁၄၂ ရွာမှာ လုပ်ငန်းခွဲ ၁၆၄ ခု အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ အခုဆိုရင် လုပ်ငန်းတွေ အားလုံး ၆၁ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ် ဦးစီးမှူး ထံမှ သိရပါတယ်။

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage