ဆီဆိုင်မြို့နယ် လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲပေါင်း ၂၄ ခု ဆောင်ရွက်ပြီးစီး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း ဆောင်ရွက်နေတဲ့ ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် လူထု ဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) မှာ ပါလောပါကယ် အုပ်စုအတွင်းမှာ ရှိတဲ့ ကျေးရွာပေါင်း ၂၅ ရွာက လုပ်ငန်းခွဲပေါင်း ၂၄ ခုကို အကောင်အထည်ဖော် ဆောင်ရွက်နေတာမှာ ကွန်ကရစ်လမ်းခင်းခြင်း၊ ဆရာ ဆရာမ နားနေဆောင် တည်ဆောက်ခြင်း၊ မူကြို ကျောင်းဆောင် တည်ဆောက်ခြင်း၊ ဘက်စုံသုံး ခန်းမဆောင် တည်ဆောက်ခြင်း၊ စာသင်ကျောင်း အုတ်တံတိုင်း ကာရန်ခြင်း၊ ကျောက်လမ်းခင်းခြင်းနဲ့ ရေရရှိရေး လုပ်ငန်း စတဲ့ စီမံကိန်း လုပ်ငန်း ၂၄ ခုကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီ ကျေးရွာ အုပ်စုအတွင်း လူထု ဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) ထောက်ပံ့ ရန်ပုံငွေကျပ် သိန်းပေါင်း ၂၂၀၀ ရရှိခဲ့ပြီး၊ စီမံကိန်း လုပ်ငန်းခွဲ အကောင်အထည်ဖော်ရာမှာ ကျေးရွာလူထုတွေက ပစ္စည်း လုပ်အား ထည့်ဝင်ငွေ ကျပ် သိန်းပေါင်း ၂၆၃ သိန်းကျော် ပူးပေါင်း ပါဝင်ခဲ့တဲ့ အတွက်ကြောင့် အခုလိုမျိုး စီမံကိန်း လုပ်ငန်းတွေ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

သတင်း - တင်အောင်မိုးမြင့်

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage