ပြင်စည်ကျေးရွာ ဂျင်းမြေသားလမ်း လုပ်ငန်း ဆောင်ရွက်မှုကို ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး မြင်းခြံ ခရိုင် နထိုးကြီး မြို့နယ် ပြင်စည် ကျေးရွာမှာ လူထုဗဟိုပြု စီမံကိန်းနဲ့ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်ထားရှိမှုကို မတ်လ ၂ ရက်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။

ကွင်းဆင်းစစ်ဆေးရာမှာ ဒုတိယ ညွန်ကြားရေးမှူးချုပ်နဲ့ တာဝန်ရှိသူတွေက စီမံကိန်း စတုတ္ထနှစ် စက်ဝန်းအတွက် ဆောင်ရွက်နေတဲ့ ကျေးရွာတွင်း ဂျင်းမြေသားလမ်း ခင်းနေတာကို ကြည့်ရှု့စစ်ဆေးကြပြီး၊ သတ်မှတ် စံချိန်စံညွှန်းတွေနဲ့ ဆောင်ရွက်ကြဖို့ အကြံပြုပြောကြားပါတယ်။

သတင်း - ဖြိုးထက်အောင် (ပျော်ဘွယ်)

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank