လူထုဗဟိုပြု စီမံကိန်းမှ လှိုင်းဘွဲမြို့နယ် လှိုင်ကော့ဖျာ ကျေးရွာမှာ ရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်း စတင်

NCDDP’s Village Street Construction in Hlaing Kawt Hpyar Village of Hlaingbwe Kicked Off

Kayin, 9 December 2020, SkyNet Media Coverage

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာမှာ ကဒီကံအုပ်စု လှိုင်ကော့ဖျာ ကျေးရွာမှာ ရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းကို ဒီဇင်ဘာလ ၇ ရက်နေ့က ဆောင်ရွက်ခဲ့ပါတယ်။

အဲဒီ ကွန်ကရစ်လမ်းကို လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း)မှ ထောက်ပံ့ငွေကျပ် ၁၆၄ သိန်းနဲ့ လမ်းခင်းခြင်းကို လက်ထောက် နည်းပညာမှူး မနှင်းအိအိလွှာ၊ လူထု စည်းရုံးရေးမှူး နန်းနုနုထွေးတို့မှ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနဲ့ မြို့နယ် နည်းပညာ အကြံပေးအဖွဲ့တို့ရဲ့ စနစ်တကျ လမ်းညွန်မှု၊ ပြည်သူလူထု ပူးပေါင်းပါဝင်မှုတွေနဲ့ ဆောင်ရွက်ခဲ့ တာပါ။

ခင်စန်းမြင့်(ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage