လူထုဗဟိုပြုစီမံကိန်း သတင်းပြန်ကြား ဆက်သွယ်ရေးဆိုင်ရာ ဓါတ်ပုံပြပွဲ လှိုင်းဘွဲ့မြို့နယ်တွင် ပြုလုပ်

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့

လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းတွေနဲ့ ပတ်သတ်ပြီး၊ အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေဖို့ ရည်ရွယ်ပြီး၊ သတင်းပြန်ကြားရေးဆိုင်ရာ

Information Campaign ဓါတ်ပုံပြခန်း ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၈ ရက် မွန်းလွဲ ၅ နာရီ အချိန်က ရွေဂွန်း ကျေးရွာ အုပ်စု စံပြအေးကျေးရွာ မှာ

ကျင်းပ ပြုလုပ်တဲ့ ပညာရေး စုံညီ အခမ်းအနားမှာ ကျင်းပခဲ့ပါတယ်။ သတင်း ပြန်ကြားရေးနဲ့ ဆက်သွယ်ရေး ဆိုင်ရာ ဓါတ်ပုံပြပွဲတွင် လှိုင်းဘွဲ့ မြို့နယ်

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းက နည်းပညာ အကြံပေးအဖွဲ့ ဝန်ထမ်းတွေ ရွေဂွန်း ကျေးရွာ အုပ်စု စံပြအေးကျေးရွာ

ရပ်ကွက်နဲ့ ကန္နီ၊ တန်ခူးဆိပ်၊ အောက်တော ကျေးရွာတွေက ကျေးရွာသူ ကျေးရွာသား ၂၅၀ တို့ တက်ရောက်လေ့လာခဲ့ပါတယ်။

သတင်း - စိုးမိုးကျော်

Credit - SkyNet Up-to-Date Media Coverage