လူထုဗဟိုပြုစီမံကိန်းအတွက် နိုင်ငံတကာအကြံပေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲ သဲကုန်းတွင် ပြုလုပ်

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်း မြို့နယ်မှာ ရှိတဲ့ ယင်းလိုက်မော် ကျေးရွာအုပ်စု ရှမ်းစုကျေးရွာ ကန်နှစ်ဆင့် ကျေးရွာအုပ်စု ဒပွေးကုန်းကျေးရွာ ၂ ရွာမှာ လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ရန်ပုံငွေတွေနဲ့ ဆောင်ရွက်လျက်ရှိတဲ့ ဒေသဖွံ့ဖြိုးရေးတွေနဲ့ ပတ်သတ်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ဖေဖေါ်ဝါရီလ ၄ ရက် မနက်ပိုင်းက အဲဒီ ကျေးရွာ ၂ ရွာမှာ ကျင်းပ ပြုလုပ်တယ်လို့ သိရပါတယ်။

 

တွေ့ဆုံဆွေးနွေးပွဲမှာ Myanmar Green Resource Indicator မှ နိုင်ငံတကာ နည်းပညာ အကြံပေး Mr. Richard Roti Cosan သဲကုန်း မြို့နယ် လူထု ဗဟိုပြု စီမံကိန်းမှ စီမံကိန်း တာဝန်ခံတွေ၊ လူထု စည်းရုံးရေးမှူးတွေ၊ လက်ထောက်နည်းပညာ မှူးတွေဟာ အဲဒီ စီမံကိန်း ရွာ ၂ ရွာမှ စီမံကိန်း အထောက်အကူပြု ကော်မတီဝင်တွေနဲ့ တွေ့ဆုံပြီး၊ လူထုဗဟိုပြု စီမံကိန်း ဒုတိယနှစ် ထောက်ပံ့ ရန်ပုံငွေတွေနဲ့ ဆောင်ရွက်လျက်ရှိတဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ၊ လူထုဗဟိုပြု စီမံကိန်း ပထမနှစ် စက်ဝန်းမှာ တွေ့ကြုံရတဲ့ လုပ်ငန်း အတွေ့အကြုံတွေ၊ အောင်မြင်မှုတွေ အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေ ဖွံ့ဖြိုးရေးအစီအစဉ်တွေကို အပြန်အလှန်ဆွေးနွေးကြ တယ်လို့ သိရပါတယ်။

 

ငြိမ်းသူ (စလင်း)

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank