စီမံကိန်း နည်းပညာ စီမံခန့်ခွဲမှု မွမ်းမံသင်တန်း ပေါက်မြို့နယ်တွင် ကျင်းပ

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းမှ သတင်း အချက်အလက် နည်းပညာ စီမံခန့်ခွဲမှု

မွမ်းမံသင်တန်း MIS (Management Inforamtion System) Refresher Training ကို ဇန်နဝါရီလ ၃၁ ရက် မနက် ၉ နာရီက လူထု ဗဟိုပြုရုံးမှာ ကျင်းပ ပြုလုပ်ပါတယ်။

 

ရှေးဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးမှုး ဒေါ်အေးအေးသန်းက အဖွင့် အမှာ စကားပြောကြားပြီး၊ လူထုဗဟိုပြု စီမံကိန်းအဖွဲ့ ခေါင်းဆောင်

ဦးသိန်းဇော်က စတုတ္ထနှစ် စီမံကိန်း အခြေအနေနဲ့ စီမံကိန်းက ထောက်ပံ့ပေးတဲ့ တက်ဘလက် (Tablet) တွေကို စနစ်တစ်ကျ ကိုင်တွယ် အသုံးပြုကြဖို့ ပြောကြားပါတယ်။

 

အဲဒီနောက်မှာ နည်းပညာ အကြံပေး စောင့်ကြည့် ကြီးကြပ်ရေး တာဝန်ခံ ဦးသက်လှိုင်စိုးက စီမံကိန်း မှတ်တမ်း သတင်း အချက်အလက် ဒေတာ ထည့်သွင်းနည်း

အကြောင်းနဲ့ ချိတ်ဆက်နည်းအကြောင်း ထည့်သွင်း ပြောကြားပါတယ်။ အဲဒီ သင်တန်းကို လက်ထောက် နည်းပညာမှုး ၂၆ ဦး၊ လူထု စည်ရုံးရေးမှုး ၄၀ စုစုပေါင်း ၆၆ ဦး

တက်ရောက်ပြီး၊ သင်တန်းကို တစ်ရက်တာ သင်ကြား ပို့ချတာလို့ သိရပါတယ်။

 

သတင်း - ဉာဏ်တိုး (ပေါက်)

Credit - SkyNet Up-to-Date Channel

#DRD #NCDDP #MOALI #WorldBank