ချင်းပြည်နယ်၊ မတူပီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးသစ်ဖွင့်ပွဲအခမ်းအနားကို (၂၆.၁၂.၂၀၁၉)ရက်နေ့ ညနေ(၃:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်အမတ် ဦးအောင်လျန်၊ ဦးကြည်စော(ညွှန်ကြားရေးမှူး)၊ ဦးတမ်အောင်(ဒုတိယညွှန်ကြားရေးမှူး)၊ ဦးကျော်ကျော်(မင်းတပ်ခရိုင်ဦးစီးမှူး)နှင့် ဦးအောင်မြင့်ကျော်(မတူပီမြို့နယ်အုပ်ချုပ်ရေးမှူး)တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါသည်။
အဆိုပါမြို့နယ်ကျေးလက်ရုံးသစ်ဖွင့်ပွဲကို ဂုဏ်ပြုသောအားဖြင့် လူထုဗဟိုပြုစီမံကိန်းမှ သတင်းနှင့်ဆက်သွယ်ပြန်ကြားရေးအစီအစဉ်ဖြင့် Information Campaign ဓါတ်ပုံပြပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ စည်ပင်ကော်မတီဝင်များ၊ ကျေးရွာရှိကော်မတီဝင်များ၊ စီမံကိန်း ဝန်ထမ်းများ၊ ကျေးလက်ဝန်ထမ်းများနှင့်မတူပီယဉ်ကျေးမှုအဖွဲ့များမှ တက်ရောက်အားပေးခဲ့ကြပါသည်။
လူထုဗဟိုပြုစီမံကိန်းဓါတ်ပုံပြပွဲတွင် စီမံကိန်းဆိုင်ရာ အမေးအဖြေကဏ္ဍကို ကျင်းပပြုလုပ်ခဲ့ရာ စိတ်ပါဝင်စားပါဝင်ဖြေဆိုပြီး အဖြေမှန်ဖြေဆိုနိုင်သူများကို စီမံကိန်းတံဆိပ်ပါ ဦးထုပ်၊ တီရှပ်၊ မိုးကာအင်္ကျီ၊ ကျောပိုးအိတ်၊ စီမံကိန်းနှင့်သက်ဆိုင်သည့် စာအုပ်နှင့်လက်ကမ်းစာစောင်များကို လက်ဆောင်အဖြစ်ပေးဝေခဲ့ကြပါသည်။