ကွင်းဆင်းစစ်ဆေးခြင်း

လှိုင်းဘွဲမြို့  စက်တင်ဘာ ၁၇

        ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း) တွင် လူဦးရေတိုးသော ပိန္ဒဲတောကျေးရွာအုပ်စု၊ ကွမ်တာကျေးရွာအုပ်စု၊ နောကောကျေးရွာအုပ်စုနှင့် ကျုံပကိုကျေးရွာအုပ်စုများသို့ ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောဘကြည်၊ ကရင်ပြည်နယ် စီမံကိန်းစောင့်ကြည့်ကြီးကြပ်ရေးတာဝန်ခံ ဦးသက်နိုင်ထွန်း၊ လှိုင်းဘွဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံကိန်းခေါင်းဆောင် ဦးဌေးလင်း၊ မြို့နယ်နည်းပညာအကြံပေးခေါင်းဆောင် ဒေါ်နူးနူးအောင်၊ သတင်းဆက်သွယ်ရေးနှင့်လူမှုတာဝန်ခံမှု တာဝန်ခံ ဦးနန္ဒထွန်းနှင့် ကျေးရွာတာဝန်ခံစည်းရုံးရေးမှူးတို့မှ  ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာခွဲခေါင်းဆောင်များနှင့် စီမံကိန်းကော်မတီဝင်များအား (၁၇.၉.၂၀၁၉) ရက်နေ့တွင် သွားရောက်တွေ့ဆုံကာ ကွင်းဆင်းစစ်ဆေးခဲ့သည်။