တွန်းဇံမြို့နယ်လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)မှ ဆောင်ရွက်သော စီမံကိန်းလုပ်ငန်းများကို ပြည်နယ်ဦးစီးမှူးမှ ကွင်းဆင်းစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော တွန်းဇံမြို့နယ်လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)မှ ဖိုင်တူကျေးရွာတွင် ဆောင်ရွက်သော အလယ်တန်းကျောင်းဆောင်တည်ဆောက်ခြင်းလုပ်ငန်း၊ ခမ်ဇန်ကျေးရွာတွင် ဆောင်ရွက်သော ရွာချင်းဆက်ကွန်ကရစ်လမ်းလုပ်ငန်းနှင့် တုန်းတွောင်ကျေးရွာတွင်ဆောင်ရွက်သော ဘက်စုံသုံးခန်းမဆောင်တည်ဆောက်ခြင်းလုပ်ငန်းများကို ချင်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကြည်စောနှင့် ဖလမ်းခရိုင်ကျေးလက် ဦးစီးမှူး ဒေါ်ဥမ္မာရှိန်တို့မှ ပြည်နယ်အင်ယာတာဝန်ခံ၊ မြို့နယ်ဦးစီးမှူးနှင့်မြို့နယ်နည်းပညာအကြံပေးဖွဲ့တို့လိုက်ပါလျက် (၂၅.၆.၂၀၁၉) ရက်နေ့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။

          စီမံကိန်းလုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်ဦးစီးမှူးသည် ကော်မတီဝင်များအား စီမံကိန်းလုပ်ငန်းဆောင်ရွက်နေစဉ်တွင် ကြုံတွေ့ရသော အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး၊ စီမံကိန်းလုပ်ငန်းများ ရေရှည်လည်ပတ်ထိန်းသိမ်းရေးအစီအစဉ်များကို စနစ်တကျဆောင်ရွက်ရန်နှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အတူတကွပူးပေါင်းပါဝင်ပြီး စေတနာထားဆောင်ရွက်ကြပါရန်မှာကြားခဲ့ပါသည်။