စီမံကိန်းလုပ်ငန်းခွဲများအား ကျောက်ကြီးမြို့နယ်တွင် ကွင်းဆင်းကြည့်ရှု

ကျောက်ကြီး မေ ၂၈ ရက်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့်ကမ္ဘာဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းကို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ကျောက်ကြီးမြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျောက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဦးအောင်ကိုကို၊ လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ‌ ဒေါ်တင်နီလာဝင်းနှင့် စောင့်ကြည့်ကြီးကြပ်ရေးတာဝန်ခံ ဦးရဲသီဟ တို့သည် တပ်ကုန်းကျေးရွာအုပ်စု၊ ရွာဟောင်းကျေးရွာတွင် VDP စီမံကိန်းရံပုံငွေဖြင့် ဆောင်ရွက်သောရွာတွင်းလမ်း ဂဝံခင်းခြင်းလုပ်ငန်းနှင့် တောပုကျေးရွာအုပ်စု၊ ညောင်ပင်သာ ကျေးရွာအုပ်စု၊ သောင်လယ်ကျေးရွာအုပ်စုနှင့် မုန်းကျေးရွာအုပ်စုများရှိ လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေဖြင့်အ‌ကောင်အထည်‌ ဖော်ဆောင်ရွက်‌သော စာသင်‌‌ကျောင်း‌ ဆောင်တည်‌ဆောက်ခြင်းလုပ်ငန်း၊ ခန်းမ‌ဆောင်ခြံစည်းရိုးကာရံခြင်းလုပ်ငန်း၊ ခန်းမ‌ဆောင်တည်‌ဆောက်ခြင်း လုပ်ငန်း၊ ရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်း၊ လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်း၊ စာသင်ကျောင်းရေစင်တည်ဆောက်ခြင်းလုပ်ငန်း၊ ကျောက်ရောမြေသားလမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထို့နောက် ကော်မတီဝင်များနှင့်တွေ့ဆုံကာ စီမံကိန်း ဆောင်ရွက် ထားရှိမှု၊ ပြီးစီးမှုအ‌‌ခြေအ‌နေနှင့် စပ်လျဥ်း၍ အရည်အသွေးပြည့်မှီရှိ‌စေရန်၊ သတ်မှတ်စံချိန်စံညွန်းများ အတိုင်း‌ ဆောင်ရွက်ထားရှိရန်နှင့် သတ်မှတ်အချိန်ကာလများအတွင်း အပြီးသတ်ဆောင်ရွက်နိုင်ရန် မှာကြားပြီး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်စဉ် ကြုံတွေ့ရသော အခက်အခဲများ၊ စီမံကိန်းပြီးနောက် ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်များ၊ လုပ်ငန်းလည်ပတ်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး အစီအစဉ်ထားရှိမှု အခြေအနေများကိုဆွေးနွေးကာ ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းခွဲများ၏ ငွေစာရင်းရှင်းတမ်းများအား ကျေးရွာလူထုများသို့ပြန်လည်အသိပေးကြေငြာခြင်းနှင့် COVID -19 ကာလအတွင်း စီမံကိန်း အပြီးသတ်စစ်ဆေးခြင်းအတွက် လူထုစစ်ဆေးပွဲ လုပ်ဆောင်မည့် အစီအစဉ်များကိုဆွေးနွေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။