ရွှေကူမြို့နယ်၊ လူထုဗဟိုပြုစီမံကိန်း(ပထမနှစ်စက်ဝန်း)ကွန်ကရစ်ဘောင်သဲကျောက်လမ်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့် လုပ်ငန်းခွဲများ ကြည့်ရှု့စစ်ဆေးခြင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ၂၅.၁.၂၀၁၉

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လူထုဗဟိုပြုပထမနှစ်စက်ဝန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၅ ရက်နေ့တွင် တောပုန်းကျေးရွာအုပ်စု၊ ရွှေဂဲကုန်းကျေးရွာ ကွန်ကရစ်ဘောင်သဲကျောက်လမ်းဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးတင်ဦးယု၊ ကျေးလက်ဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်၊ ကချင်ပြည်နယ်ကျေးလက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းချစ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်၊ ကျေးရွာအုပ်စု စီထောက်ဥက္ကဌ ဦးတင်မောင်အေးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ကွန်ကရစ်ဘောင်သဲကျောက်လမ်းအား ကြည့်ရှု့ပြီး အခမ်းအနားတွင် စီမံကိန်းလုပ်ငန်းကို စနစ်တကျဖြင့် ကျေးရွာလူထုများ ပူးပေါင်းပါဝင်ဆောင်ရွက်ထားသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

အဆိုပါလမ်းမှာ

အရှည်                          -          ၁၆၂၂ ပေ

အကျယ်                        -          ၁၈ ပေ

အထူ                             -          ၆ လက်မ

စီမံကိန်းထောက်ပံ့ငွေ      -          ၈၆၄၀၀၀၀ ကျပ်

ကျေးရွာထည့်ဝင်ငွေ        -          ၃၄၉၅၇၅ ကျပ်

စုစုပေါင်းငွေကျပ်            -          ၈၉၈၉၅၇၅ ကျပ် ကုန်ကျခဲ့ပါသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်နှင့် အဖွဲ့တို့သည့် မြို့နယ်ကျေးလက်ဦးစီးဌာနရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ကြုံတွေ့ရသော အခက်အခဲများ၊ လိုအပ်ချက်များအား မေးမြန်း၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီးနောက် ငါးဘတ်ကြီးကျေးရွာအုပ်စု၊ တော်လှန်ကျေးရွာ၊ နောင်လတ်ကြီးကျေးရွာ၊ ပူခိုင်ကျေးရွာ၊ ပန်းတင်အုပ်စု၊ ပန်းတင်ကျေးရွာနှင့် လမ်းကူးကျေးရွာ စသည့်ကျေးရွာများမှ လူထုဗဟိုပြုစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သော သဲကျောက်လမ်းခင်းခြင်း၊ စိမ့်စမ်းရေသွယ်ယူခြင်း၊ သံကူကွန်ကရစ်တံတား၊ စာသင်ကျောင်းခြံစည်းရိုးကာရံခြင်း၊ စာသင်ကျောင်းအိမ်သာ စသည့်လုပ်ငန်းများကို ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။