ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ် လူထုဗဟိုပြုစီမံကိန်း(ပထမနှစ်စက်ဝန်း) ၊ ဆကာကြီးအုပ်စု ၊ အမှတ် (၄)ရပ်ကွက် ကွန်ကရစ်လမ်းဖွင့်ပွဲနှင့် လူထုစစ်ဆေးပွဲကျင်းပ

   ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဓနုဖြူမြို့နယ်လူထုဗဟိုပြုစီမံကိန်းမှ (ပထမနှစ်စက်ဝန်း)  ဆကာကြီးအုပ်စု ၊ အမှတ် (၄)ရပ်ကွက်တွင် အတိုင်းတာ (၈၃၀'X ၁၄' X၈") ရှိသော ကွန်ကရစ်လမ်းအား(၁၀.၁၂.၂၀၁၈) ရက်နေ့တွင်  စီမံကိန်းထောက်ပံ့ငွေ (၁၂,၉၀၀,၀၀၀)သိန်း၊ ကျေးရွာ ထည့်ဝင်ငွေ (၃,၉၁၇,၀၀၀) သိန်းထည့်ဝင်၍ စုစုပေါင်းကုန်ကျငွေ (၁၆,၈၁၇,၀၀၀) သိန်းဖြင့်  အကောင်အထည် ဖော်ဆောင်ရွက်၍  (၁၈.၁. ၂၀၁၉) ရက်နေ့တွင်ပြီးစီးခဲ့ပါသည်။အဆိုပါ ကွန်ကရစ်လမ်းဖွင့်ပွဲနှင့် လူထုစစ်ဆေးပွဲအား (၂၁.၁.၂၀၁၉) ရက်နေ့တွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။