ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် စတုတ္ထနှစ်စက်ဝန်း မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံ ပါဝင်သော သုံးသပ်ဆွေးနွေးပွဲ အခမ်းအနား ကျင်းပ

မေလ ၃ရက် ၂၀၁၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင်ဆည်​​မြောင်းဝန်ကြီးဌာန၊ ကျေးလက်​​ ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့

ပူပေါင်းကောင်အထည်​​ဖော်​​ဆောင်ရွက်​​လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်

စတုတ္ထနှစ်စက်ဝန်း မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံ ပါဝင်သော သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို လေးမျက်နှာမြို့

အားကစားရုံ၌ (၃.၅.၂၀၁၈)ရက်နေ့ နံနက် (၉းဝ၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ လေးမျက်နှာမြို့နယ် ပြည်သူ့လွှတ်တော်

ကိုယ်စားလှယ် ဦးဇော်မင်းသိန်းမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)

ညွှန်ကြားရေးမှူ း ဦးလှခိုင်မှ စီမံကိန်းအကြောင်းအရာများအား မိတ်ဆက်စကား ပြောကြားခြင်း၊ လူထုဗဟိုပြုစီမံကိန်း

ကမ္ဘာ့ဘဏ် ကိုယ်စားလှယ် Ms. Natacha Caroline Lemasle (Senior Social Development Specialist) မှ

စီမံကိန်း အကြောင်းအရာများအား ရှင်းလင်းပြောကြားခြင်း၊ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်

အုပ်ချုပ်ရေးမှူ း ဦးထူးထက် မှ စီမံကိန်း ဆောင်ရွက်ချက်များ ပြောကြားခြင်း အစီအစဉ်တို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။

အစည်းအဝေးပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးချုပ်မှ ဝန်ထမ်းများ၊

တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ကျေးလက်ဦးစီး ဝန်ထမ်းများ၊ လူထုဗဟိုပြုစီမံကိန်း ဝန်ထမ်းမျျား၊ INGO၊NGO များ၊ CSOများ ၊

ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ၊မီဒီယာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာကော်မတီဝင်များ စုစုပေါင်း

လူဦးရေ (၅၀၀)ခန့်တက်​​ရောက်​​ကြသည်။