မေလ ၃ရက် ၂၀၁၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့
ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်
စတုတ္ထနှစ်စက်ဝန်း မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံ ပါဝင်သော သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို လေးမျက်နှာမြို့
အားကစားရုံ၌ (၃.၅.၂၀၁၈)ရက်နေ့ နံနက် (၉းဝ၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ လေးမျက်နှာမြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးဇော်မင်းသိန်းမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)
ညွှန်ကြားရေးမှူ း ဦးလှခိုင်မှ စီမံကိန်းအကြောင်းအရာများအား မိတ်ဆက်စကား ပြောကြားခြင်း၊ လူထုဗဟိုပြုစီမံကိန်း
ကမ္ဘာ့ဘဏ် ကိုယ်စားလှယ် Ms. Natacha Caroline Lemasle (Senior Social Development Specialist) မှ
စီမံကိန်း အကြောင်းအရာများအား ရှင်းလင်းပြောကြားခြင်း၊ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်
အုပ်ချုပ်ရေးမှူ း ဦးထူးထက် မှ စီမံကိန်း ဆောင်ရွက်ချက်များ ပြောကြားခြင်း အစီအစဉ်တို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။
အစည်းအဝေးပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးချုပ်မှ ဝန်ထမ်းများ၊
တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ကျေးလက်ဦးစီး ဝန်ထမ်းများ၊ လူထုဗဟိုပြုစီမံကိန်း ဝန်ထမ်းမျျား၊ INGO၊NGO များ၊ CSOများ ၊
ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ၊မီဒီယာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာကော်မတီဝင်များ စုစုပေါင်း
လူဦးရေ (၅၀၀)ခန့်တက်ရောက်ကြသည်။