ညောင်ဦးမြို့နယ်လူထုဗဟိုပြုစီမံကိန်း မြို့နယ်အဆင့်သက်ဆိုင်သူပေါင်းစုံပါဝင်သောသုံးသပ်ခြင်းအစည်းအဝေးပွဲကျင်းပ

မေလ ၈ရက် ၂၀၁၈

မန္တလေးတိုင်းဒေသကြီးညောင်ဦးမြို့နယ်လူထုဗဟိုပြုစီမံကိန်းမြို့နယ်အဆင့်သက်ဆိုင်သူပေါင်းစုံပါဝင်သောသုံးသပ်ခြင်းအစည်းအဝေးပွဲကို (၈-၅-၂၀၁၈)ရက်နေ့ နံနက်ဝ၉:၃ဝနာရီအချိန် ညောင်ဦးမြို့တွင်ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောမှ အဖွင့်အမှာစကားပြောကြားခြင်း! မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် နှင့် မန္တလေးတိုင်းဒေသကြီးကျေးလက်/ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး

ဦးသိန်းထိုက်ဦးတို့မှ အမှာစကားပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ပြီးညောင်ဦးမြို့နယ် လူထုဗဟိုပြုစီမံကိန်းနည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဦးကျော်မိုးအောင်မှ တတိယနှစ်စီမံကိန်းအကောင်အထည်ေဖော်ဆောင်ရွက်မှုအား

ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် တက်ရောက်လာသူများမှ ပွင့်လင်းစွာမေးမြန်းဆွေးနွေးခဲ့ပြီးစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှု နှင့်ပတ်သက်၍ အားသာချက် /အားနည်းချက်/

အကြံပြုချက်များအားအုပ်စုဖွဲ့ဆွေးနွေးခဲ့ကြသည်။ စီမံကိန်းဆောင်ရွက်မှု အကောင်းဆုံးကျေးရွာအုပ်စုနှင့် ကျေးရွာများအားရွေးချယ်ဆုပေးသည့်ပွဲဖြစ်၍ ဆုရွေးချယ်မှု စည်းမျဉ်းစည်းကမ်းများအား မြို့နယ်

စီမံကိန်းတာဝန်ခံမှ ရှင်းလင်းတင်ပြခဲ့သည်။ အုပ်စုဖွဲ့ဆွေးနွေးမှုရလဒ်များအား ပြည်ထောင်စုအဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သောသုံးသပ်ခြင်းအစည်းအဝေးပွဲတွင် ပြန်လည်စုပေါင်းဆွေးနွေး၍

နောက်နှစ်စီမံကိန်းပိုမိုကောင်းမွန်စွာဆောင်ရွက်နိုင်ရန် စီမံကိန်းလက်စွဲစာအုပ်အားလိုအပ်သလို ပြန်လည်ပြင်ဆင်ရေးသားမည်ဖြစ်ပါသည်။