လူထုဗဟိုပြုစီမံကိန်း ပြည်ထောင်စုအဆင့် လက်ထောက်နည်းပညာမှူးများဖိုရမ် (TF Forum)ဆင်းပွဲအခမ်းအနားကျင်းပ

၂၉ရက် သြဂုတ်လ ၂၀၁၇ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း နည်းပညာစည်းရုံးရေးမှူးများ ဖိုရမ်း အား (၂၉-၈-၂၀၁၇) ရက်နေ့ညနေ(၁၅းဝ၀) နာရီအချိန် ပျဉ်းမနားမြို့နယ် မြောက်လွတ်ကုန်း သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဦးခန့်ဇော်  မှ နိဂုန်းချုပ်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ ဖိုရမ်သည် ပြည်ထောင်စုအဆင့် သက်ဆိုင်သူ ပေါင်းစုံပါဝင်သော သုံးသပ်ခြင်း အစည်းအဝေးတွင် တင်ပြနိုင်ရေးအတွက် မြို့နယ်အဆင့် ဝန်ထမ်းများ၏ အတွေ့အကြုံများကို ကြိုတင်ရယူနိုင်ရန်ရည်ရွယ်၍ ယခုနှစ် စီမံကိန်းလုပ်ဆောင်ရာတွင် တွေ့ကြုံရသ့ည် အခက်ခဲများ ဖြေရှင်းဆောင်ရွက်ခဲ့မှုများနှင့် နောင်နှစ်စီမံကိန်းအတွက် တိုးတက်ကောင်းမွန်စေရန် လုပ်ဆောင်ရမည့်ကိစ္စရပ်များကို အပြန်အလှန်သုံးသပ်ဆွေးနွေးခဲ့ကြပါသည်။ နည်းပညာစည်းရုံးရေးမှူ းများ ဖိုရမ်ကို မြို့နယ်(၂၀) မြို့နယ်မှ နည်းပညာစည်းရုံးရေးမှူးများတက်ရောက်ကြပြီး၊အဆိုပါ ဖိုရမ်ကို (၁၄-၈-၂၀၁၇) မှ (၂၉-၈-၂၀၁၇)အထိ  သုံးသပ်ဆွေးနွေးသွားခဲ့ပါသည်။