လှိုင်းဘွဲမြို့နယ်၊ ဝေါကျယ် ကျေးရွာ တွင် သောက်/သုံးရေ အဆင်ပြေ စေရန် အတွက် စိမ့်စမ်းရေ သွယ်တန်းခြင်း လုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်

NCDDP’s Water Supply Installation Built in Waw Kyael Village of Hlaingbwe

Kayin, 26 December 2020, Ministry of Information

လှိုင်းဘွဲ ဒီဇင်ဘာ ၂၆

 

ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက် နေသော ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထု ဗဟိုပြု စီမံကိန်း(တတိယနှစ် စက်ဝန်း) တွင် သမိုကျေးရွာ အုပ်စု ဝေါကျယ် ကျေးရွာတွင် စိမ့်စမ်းရေ သွယ်တန်းခြင်း (၅၂၈၀ ပေ) နှင့် ရေလှောင်ကန် (အလျား ၁၂ပေ x အနံ ၁၀ပေ x အမြင့် ၅ပေ) လုပ်ငန်းကို လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေ ၁၂,၀၀၀,၀၀၀ ကျပ်ဖြင့် စတင် အကောင်ထည်ဖော် ဆောင်ရွက်နေပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ စိမ့်စမ်းရေ သွယ်တန်းခြင်းနှင့် ရေလှောင်ကန် ဆောက်လုပ်ခြင်း လုပ်ငန်းကို လူထု ဗဟိုပြု စီမံကိန်းမှ လက်ထောက် နည်းပညာမှူး ဦးမျိုးကိုကို၊ လူထု စည်းရုံးရေးမှူး စောကျော်နိုင်တို့မှ အနီးကပ် ကြီးကြပ်မှု၊ ပြည်နယ် အင်ဂျင်နီယာ အကြံပေး ဦးအောင်ကျော်ဇံ၊ မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန နှင့် မြို့နယ် နည်းပညာ အကြံပေး အဖွဲ့တို့၏ စနစ်တကျ လမ်းညွန်မှု၊ ရပ်ရွာပြည်သူ လူထုတို့၏ ပူးပေါင်းပါဝင်မှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပြီး ၁၀၀% ပြီးစီးပါက ဝေါကျယ် ကျေးရွာမှ အိမ်ထောင်စု (၃၃)စု လူဦးရေ (၁၉၅) ဦး တို့၏ သောက်ရေ/သုံးရေများ အဆင်ပြေလာမည် ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/26030