လူထု ဗဟိုပြုစီမံကိန်း လုပ်ငန်း ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး မြို့နယ် အဆင့် ဆွေးနွေးပွဲ ဗန်းမော်တွင် ကျင်းပ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်းအတွက် ကျေးရွာ တွေက တင်ပြလာတဲ့ လုပ်ငန်းခွဲတွေကို အတည်ပြုနိုင်ဖိုံ မြို့နယ် စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီ (TPIC) ဒုတိယ အကြိမ် အစည်းအဝေးကို ဇူလိုင်လ ဒုတိယပတ်က ဦးစီးဌာန အစည်းအဝေး ခန်းမမှာ ကျင်းပပါတယ်။

 

အစည်းအဝေးမှာ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးရင်ခိုင်က ကျေးရွာက တင်ပြလာတဲ့ စာသင်ကျောင်း ခြံစည်းရိုး ၂ ခု၊ KG ကျောင်းဆောင် ၃ ခု၊ ကွန်ကရစ်ဘောင် သဲကျောက်လမ်းခင်းခြင်း ၁၈ ခု၊ ကွန်ကရစ်လမ်း ၄ ခု၊ ကွန်ကရစ် တံတား တစ်ခု၊ ကျေးရွာ ခန်းမဆောင် ၇ ခု စာသင်ကျောင်း ရေသန့်စက် ၂ ခု၊ စာသင်ကျောင်း အိမ်သာ တစ်ခုနဲ့ ပတ်သတ်ပြီးတော့ PowerPoint နဲ့ ရှင်းလင်း တင်ပြခဲ့ပါတယ်။

 

မင်းမြင့်မိုရ် (ငါန်းဇွန်)

Credit – SkyNet Media Coverage

#NCDDP, #DRD, # MOALI, # WorldBank