တတိယနှစ်စက်ဝန်း၏ စီမံကိန်းလုပ်ငန်းခွဲဆောင်ရွက်မှုများသို့ တာဝန်ရှိသူများမှကွင်းဆင်းကြည့်ရှု

လွိုင်ကော်၊ ဧပြီလ(၁)ရက်

            တတိယနှစ်စက်ဝန်းအတွင်းအကောင်အထည်ဖော်ဆောင်ရွက်နေသောစီမံကိန်းလုပ်ငန်းခွဲများသို့ သတ်မှတ်ထားသောလုပ်ငန်းအတိုင်းအတာ၊ ပုံစံများ၊ သတ်မှတ်ထားသောလုပ်ငန်းအရည်အသွေးပြည့်မှီခြင်းရှိမရှိနှင့် စီမံကိန်းလုပ်ငန်းခွဲများဆောင်ရွက်ရာတွင် ကြုံတွေ့ရသောအခက်အခဲများ ၊ အခြေအနေများအားသိရှိကာ ကူညီဖြေရှင်းပေးနိုင်ရန်ရည်ရွယ်ကာ ယနေ့(၁.၄.၂၀၁၉) ရက်နေ့တွင် လွိုင်ကော်၊ရှားတောမြို့နယ်လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းခွဲများသို့ ပြည်နယ်လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဦးကျော်လင်းအောင်၊ လွိုင်ကော်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်အိအိခင်၊ မြို့နယ်စီမံကိန်းတာဝန်ခံ ဦးတင်ကိုလတ်တို့မှကွင်းဆင်းကြည့်ရှုခဲ့ကြပါသည်။

              အဆိုပါကွင်းဆင်းကြည့်ရှုမှုတွင် ကယန်းသာယာမြောက်ကျေးရွာ၊ ဒေါတနောကျေးရွာ၊ နားကွယ်ကျေးရွာ၊ ကုန်းပေါင်းကျေးရွာတို့ ၏ကျေးရွာခန်းမဆောင်အသီးသီးဆောက်လုပ်နေမှုအခြေအနေများနှင့် နန်းဟူးစံပြကျေးရွာ၏ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းအခြေအနေများအားကွင်းဆင်းကြည့်ရှုခဲ့ကြပါသည်။