လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ် နှစ်ပတ်လည် ပြည်ထောင်စုအဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ခြင်းအစည်းအဝေးကျင်းပပြုလုပ်

၂၀၁၇-စက်တင်ဘာလ-၂၁ရက် နေပြည်တော်

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ် နှစ်ပတ်လည် ပြည်ထောင်စုအဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ခြင်းအစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့က အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုခန်းမ-၂ တွင် ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကမ္ဘာ့ဘဏ်ကိုယ်စားလှယ်များ၊ စီမံကိန်းဝန်ထမ်းများ၊ စီမံကိန်းဆောင်ရွက်နေသော မြို့နယ်များမှ ကျေးရွာနှင့်ကျေးရွာအုပ်စု စီမံကိန်းကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းများတက်ရောက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သူမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စုစုပေါင်း (၇၀၀)ခန့် တက်ရောက်ကြသည်။