ဘုရားကုန်းကျေးရွာ ရွာချင်းဆက်ကွန်ကရစ်လမ်း ဖွင့်ပွဲကျင်းပ

 ၁၇ ဇန်နဝါရီ  ၂၀၂၁

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်း နဘူးနှစ်ခြားကျေးရွာအုပ်စု ဘုရားကုန်းကျေးရွာ ရွာချင်းဆက်ကွန်ကရစ်လမ်းဖွင့်ပွဲကို ကျေးရွာကော်မတီဝင်များ ဦးဆောင်၍ ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် (8:00)နာရီတွင် အောင်မြင်စွာ ပြုလုပ်ကျင်းပခဲ့ပါသည်။

ရှေ့ဦးစွာ အဆိုပါကွန်ကရစ်လမ်းအား ပရိတ်ရွတ် တရားနာပြီးနောက် လူထုဗဟိုပြုစီမံကိန်း နည်းပညာ အကြံပေးအဖွဲ့မှ ဘဏ္ဍာရေးတာဝန်ခံ နော်နီနီထွန်း၊ ကျေးရွာဥက္ကဌ ဦးစိုးဝင်းသန်းတို့မှ လမ်းအထိမ်းအမှတ် ကျောက်စာတိုင်အား အမွှေးနံ့သာများ ပတ်ဖြန်း၍ ဖဲကြိုးဖြတ်ဖွင့်လစ်ပေးခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ရွာချင်းဆက်ကွန်ကရစ်လမ်းမှာ နောင်ဟင်ကျေးရွာနှင့် ချိတ်ဆက်လျက်ရှိပြီး လူထုဗဟိုပြု စီမံကိန်းရန်ပုံငွေကျပ်သိန်း (၃၄၀) နှင့် လူထုထည့်ဝင်ငွေကျပ် (၄၇၀,၀၀၀)တို့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း အတိုင်းအတာ အားဖြင့် အရှည် ၁၄၇၀ ပေ x အကျယ် ၁၄ ပေ နှင့် အထူ ၇ လက်မ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုလမ်းဖြစ်မြောက်ရေး နည်းပညာအကူအညီများအားဖြင့် လူထုဗဟိုပြုစီမံကိန်းမှ လက်​ထောက်နည်းပညာမှူး ဒေါ် နန်းနွယ်ဇင်ဦး၊ လူထုစည်းရုံး​ရေးမှူး နော်ချယ်ရီဦး​တို့မှ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန နှင့် မြို့နယ်နည်းပညာအကြံ​ပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွှန်မှု၊ ရပ်ရွာပြည်သူလူထုတို့၏ပူး​ပေါင်း ပါဝင်မှုများဖြင့် အ​ကောင်အထည်​ဖော်​ဆောင်ရွက်​နေခြင်းဖြစ်ကြောင်း သိရပါသည်။

ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သောကြောင့် ဘုရားကုန်းကျေးရွာမှ အိမ်​ထောင်စု(၉၂)စု လူဦးရေ (၅၄၈) ဦးတို့အတွက် နှစ်စဉ်ကြုံတွေ့နေရသော မိုးရာသီ လမ်းပန်ဆက်သွယ်ရေး ခက်ခဲခြင်းမှ ကင်းဝေးလျက် ကျန်းမာ​ရေး၊ ပညာ​ရေး၊ စီးပွား​ရေး၊ လူမှု​ရေးလုပ်ငန်းများအတွက် သွား/လာ​ရေးလွယ်ကူ အဆင်​ပြေလာ​ပြီဖြစ်ကြောင်းသိရပါသည်