ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ လူထုဗဟိုပြုစီမံကိန်း မြို့နယ်အဆင့်သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲကျင်းပ

ကော့ကရိတ်မြို့ ဧပြီ ၈

          စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၏ ပထမနှစ်စက်ဝန်း မြို့နယ်အဆင့်သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို (၈.၄.၂၀၁၉) ရက်နေ့တွင် ကော့ကရိတ်မြို့၊ ဒေါနခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိသည်။

          အခမ်းအနားတွင် ကော့ကရိတ်မြို့နယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစောချင်ခင်နှင့် ကော့ကရိတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဌေးတို့မှ တက်ရောက်အဖွင့်အမှာစကားပြောကြားခြင်း၊ ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဇော်ချစ်မှ စီမံကိန်းနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များ၊ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခြင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့သည်။

          အစည်းအဝေးပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများ၊ NGO များ ၊ CSO များ၊ မီဒီယာများ၊ ကျေးရွာအုပ်ချုပ်ရေး မှူးများနှင့် ကျေးရွာကော်မတီဝင်များ စုစုပေါင်း (၅၀၀) ဦးခန့် တက်ရောက်ကြသည်။