စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆည်မြောင်းဝန်ကြီးဦးတင်အောင်ဝင်းမှ ကြံခင်းမြို့နယ်ရှိ ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုခြင်း

ဇွန်လ (၁၁) ရက်

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဝန်ကြီးဦးတင်အောင်ဝင်းသည် (၁၁.၆.၂၀၁၉) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကြံခင်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်) စက်ဝန်းအကောင်အထည်ဖော်ဆောင်ရွက်နေသော ကလို့ကွင်းကျေးရွာအုပ်စု၊ ပန်းပင်ကုန်းကျေးရွာအုပ်စု၊ရှောက်ခုံကျေးရွာအုပ်စု၊ မြင်သာကျေးရွာမှ (၄) နှစ်တာ လုပ်ငန်းဆောင်ရွက်မှုများအား ကွင်းဆင်းစစ်ဆေးခြင်း၊ ကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံပြီး အခက်အခဲများ၊ စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် လိုအပ်ချက်များအား မေးမြန်းဆွေးနွေးခြင်း၊ အကြံပြုခြင်းများနှင့် ကော်မတီဝင်များအား တိုက်တွန်းအားပေးစကားပြောကြားခဲ့ပါသည်။