ချောင်းဖျားကျေးရွာ ရွာတွင်းကွန်ကရစ်လမ်း ခင်းခြင်း

 ၆ ဇန်နဝါရီ  ၂၀၂၁

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် ကျုံဒိုးချောင်းဖျား ကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် စတင်အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

အဆိုပါကွန်ကရစ်လမ်းသည် အုန်းတပင်ကျေးရွာနှင့် ချိတ်ဆက်လျက်ရှိပြီး လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ငွေကျပ်သိန်း (၁၅၀)ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း အတိုင်းအတာအားဖြင့် (အရှည် ၁၁၆၀ ပေ x အကျယ် ၁၀ ပေ x ထု ၆ လက်မ)လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းမှ လက်ထောက်နည်းပညာမှူး ဦးရဲနိုင်ထွန်း လူထုစည်းရုံးရေးမှူး ဦးစောဌေးရီ တို့မှအနီးကပ်ကြီးကြပ်မှု၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံပေး အဖွဲ့တို့၏ စနစ်တကျလမ်းညွှန်မှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးသွားပါက ကျေးရွာမှ အိမ်ထောင်စု (၃၀၉)စု၊ လူဦးရေ (၁၈၃၅)ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီပွားရေး၊ လူမှုရေးများအတွက် အဆင်ပြေကောင်းမွန်စွာ သွားလာနိုင်မည်ဖြစ်ကြောင်းသိရှိရသည်။