ကျေးရွာဘက်စုံသုံးခန်းမဆောင်ဖွင့်ပွဲအခမ်းအနားနှင့်လူထုစစ်ဆေးပွဲကျင်းပပြုလုပ်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ် ဇမ်းပီးကျေးရွာအုပ်စု၊ ဇမ်းပီးကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်း၊ ဒုတိယနှစ်စက်၀န်းမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာဘက်စုံသုံးခန်းမဆောင်ဖွင့်ပွဲ အခမ်းအနားနှင့်လူထုစစ်ဆေးပွဲကို(၂၈.၁၀.၂၀၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်ရာ တွန်းဇံမြို့နယ်မှ ဒု−မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းစိုး၊ တွန်းဇံမြို့နယ်ကျေးလက် ဦးစီးမှူး ဦးနန်ဒိုဆူမ်းမန်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်မှူး ဒေါ်ကျိန်ဆွင်းညောင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပါသည်။

လူထုစစ်ဆေးပွဲကို အဆိုပါခန်းမဆောင်တွင် ဆက်လက်ကျင်းပပြုလုပ်ရာ ဒု−မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တွန်းဇံမြို့နယ်ကျေးလက်ဦးစီးမှူးတို့မှ အမှာစကားပြောကြားခဲ့ကြပါသည်။

ခန်းမဆောင်သည် အတိုင်းအတာအားဖြင့် (၆၀’×၃၀’×၁၂’) ရှိရာ စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၆၀)နှင့် ကျေးရွာလူထုထည့်ဝင်ငွေ ကျပ်(၅၅၈၀၀၀)တို့ဖြင့် စီမံကိန်း ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးကူညီမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပါသည်။ စီမံကိန်းလုပ်ငန်းကို (၃.၆.၂၀၁၉)ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်ကာ (၂၄.၁၀.၂၀၁၉)ရက်နေ့တွင် အောင်မြင်စွာလုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပါသည်။