ကော့ကရိတ်မြို့ နန်းအီခက်ကျေးရွာ ရွာတွင်းကွန်ကရစ်လမ်း ဖွင့်ပွဲကျင်းပ

NCDDP’s Village Concrete Street Opening Ceremony Held at Nan Ei Khat Village of Kawkareik

Kayin, 30 December 2020, Ministry of Information

ကော့ကရိတ် ဒီဇင်ဘာ ၃၀

 

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်း မြပတိုင် ကျေးရွာအုပ်စု နန်းအီခက် ကျေးရွာ ရွာတွင်း ကွန်ကရစ် လမ်းဖွင့်ပွဲကို ကျေးရွာ ကော်မတီဝင်များ ဦးဆောင်၍ ယနေ့ နံနက် ၈နာရီခွဲ အချိန်တွင် အောင်မြင်စွာ ပြုလုပ်ကျင်းပ ခဲ့ပါသည်။

အခမ်းအနားတွင် မြပတိုင်ကျေးရွာ ကျောင်းထိုင်ဆရာတော် ဥူးကဝိဓဇ္ဇ မှ အဆိုပါလမ်းအတွက် ပရိတ်ရွက် တရားနာ ရေစက်ချပြီးနောက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဒေါ်ဖူးနောင် နှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ ကြောင်း သိရှိရသည်။

အဆိုပါ ရွာတွင်းကွန်ကရစ်လမ်းမှာ စီမံကိန်းရန်ပုံငွေကျပ် (၁၃၂) သိန်းဖြင့် ဆောင်ရွက်ခဲ့ပြီး အတိုင်း အတာ အားဖြင့် အရှည် ၈၅၅ ပေ x အကျယ် ၁၂ ပေ နှင့် အထူ ၆ လက်မ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ကြောင်း၊ ထိုလမ်းဖြစ်မြောက်ရေး နည်းပညာအကူအညီများအားဖြင့် လူထုဗဟိုပြု စီမံကိန်းမှ လက်​ထောက် နည်းပညာမှူး ဒေါ်စုစုဇော် ၊ လူထုစည်းရုံး​ရေးမှူး ဒေါ်နန်းအေးအေးမော် ​တို့မှ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်​ကျေးလက်​ဒေသ ဖွံ့ဖြိုး တိုးတက်​ရေး ဦးစီးဌာန နှင့် မြို့နယ် နည်းပညာ အကြံ​ပေးအဖွဲ့ တို့၏ စနစ်တကျ လမ်းညွှန်မှု၊ ရပ်ရွာ ပြည်သူလူထု တို့၏ပူး​ပေါင်းပါဝင်မှု များဖြင့် အ​ကောင်အထည်​ဖော်​ ဆောင်ရွက်​နေခြင်းဖြစ် ကြောင်း၊ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်သောကြောင့် နန်းအီခက်ကျေးရွာမှ အိမ်​ထောင်စု(၅၅) စု လူဦးရေ (၄၂၅) ဦး တို့အတွက် နှစ်စဉ် ကြုံတွေ့နေရသော မိုးရာသီ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲခြင်းမှ ကင်းဝေးလျက် ကျန်းမာ​ရေး၊ ပညာ​ရေး၊ စီးပွား​ရေး၊ လူမှု​ရေးလုပ်ငန်းများ အတွက် သွား/လာ​ရေးလွယ်ကူ အဆင်​ပြေလာ​ပြီ ဖြစ်ကြောင်း​ကျေးလက်​ဒေသ ဖွံ့ဖြိုး​ တိုးတက်​ရေး ဦးစီးဌာနမှ သိရသည်။

 

ခင်မျိုးဝင်း

#NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/26403