တွန်းဇံမြို့နယ် လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲများကို ကွင်းဆင်း စစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းပြီး ချင်းပြည်နယ် ဖလမ်းခရိုင် တွန်းဇံမြို့နယ် လူထု ဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) ဖိုင်တူ အုပ်စု၊ ဖိုင်တူ ကျေးရွာ ရှိ စီမံကိန်း လုပ်ငန်း စဉ်များ အခြေအနေကို သိရှိ နိုင်ရန် အတွက် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးနန်ဒိုဆူမ်းမန်၊ မြို့နယ် နည်းပညာ အကြံပေး အဖွဲ့ ခေါင်းဆောင် ဒေါ်ဇင်မာထွန်းနဲ့ တာဝန်ကျ လက်ထောက် နည်းပညာမှူး၊ လက်ထောက် စည်းရုံးရေးမှူးများ ပါဝင်တဲ့ တာဝန်ရှိသူများ အဖွဲ့ဟာ ဇူလိုင်လ ၁၂ ရက်နေ့မှာ မြို့နယ် နည်းပညာ အကြံပေး အဖွဲ့ခေါင်းဆောင် ဒေါ်ဇင်မာထွန်းနဲ့ တာဝန်ကျ လက်ထောက် နည်းပညာမှူး လက်ထောက် စည်းရုံးရေးမှူးများ ပါဝင်တဲ့ တာဝန်ရှိ သူများ အဖွဲ့က ဇူလိုင်လ ၁၂ ရက်နေ့က ကွင်းဆင်း စစ်ဆေး ညှိနှိုင်း ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါတယ်။

 

အဆိုပါ စီမံကိန်း တာဝန်ရှိသူများ အဖွဲ့က လူထု ဗဟိုပြု စီမံကိန်း ပံ့ပိုးငွေ ၂၃ ဒဿမ ၉၅ သန်းနဲ့ ဆောင်ရွက်နေတဲ့ ကျေးရွာတွင်း ကျောက်ကြီးစီ ရေမြောင်းနဲ့ ရေထုတ်ပြွန် လေးခု တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက် ထားရှိမှု အခြေအနေတွေကို စစ်ဆေးပြီးတော့ လူထု ဗဟိုပြု စီမံကိန်း ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီဝင်များ ကျေးရွာ လူထုများနှင့် တွေ့ဆုံကာ ဆက်လက် ဆောင်ရွက်သွားမယ့် စီမံကိန်း လုပ်ငန်းစဉ်တွေ အကြောင်း ညှိနှိုင်း တိုင်ပင် ဆွေးနွေးခဲ့ပါတယ်။

 

သတင်း - ဦးဇော်ဝင်း (CSAGS)

Credit – SkyNet Media Coverage

#NCDDP, #DRD, # MOALI, # WorldBank