လှိုင်းဘွဲမြို့နယ် ဝေါကျယ် ကျေးရွာမှာ လူထု ဗဟိုပြု စီမံကိန်းမှ ထောက်ပံ့ငွေ ကျပ် သိန်း ၁၂၀ ဖြင့် စိမ့်စမ်းရေ သွယ်တန်းခြင်း ဆောင်ရွက်

NCDDP Supports Ks 12 million for Water Supply Installation Built in Waw Kyael Village of Hlaingbwe

Kayin, 27 December 2020, SkyNet Media Coverage

 

ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီနဲ့ အကောင်အထည်ဖော် ဆောင်ရွက် နေတဲ့ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထု ဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) မှာ သမိုကျေးရွာ အုပ်စု ဝေါကျယ် ကျေးရွာမှာ စိမ့်စမ်းရေ သွယ်တန်းခြင်း (၅၂၈၀ ပေ) နဲ့ ရေလှောင်ကန် (အလျား ၁၂ပေ x အနံ ၁၀ပေ x အမြင့် ၅ပေ) လုပ်ငန်းကို လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေ သိန်း ၁၂၀ ကျပ်နဲ့ စတင် အကောင်ထည်ဖော် ဆောင်ရွက်နေပြီး ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ စိမ့်စမ်းရေ သွယ်တန်းခြင်းနဲ့ ရေလှောင်ကန် ဆောက်လုပ်ခြင်း လုပ်ငန်းကို လူထု ဗဟိုပြု စီမံကိန်းမှ လက်ထောက် နည်းပညာမှူး ဦးမျိုးကိုကို၊ လူထု စည်းရုံးရေးမှူး စောကျော်နိုင်တို့မှ အနီးကပ် ကြီးကြပ်မှု၊ ပြည်နယ် အင်ဂျင်နီယာ အကြံပေး ဦးအောင်ကျော်ဇံ၊ မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန နဲ့ မြို့နယ် နည်းပညာ အကြံပေး အဖွဲ့တို့ရဲ့ စနစ်တကျ လမ်းညွန်မှု၊ ရပ်ရွာပြည်သူ လူထုတို့ရဲ့ ပူးပေါင်းပါဝင်မှုများနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပြီး ၁၀၀% ပြီးစီးပါက ဝေါကျယ် ကျေးရွာမှ အိမ်ထောင်စု (၃၃)စု လူဦးရေ (၁၉၅) ဦး တို့ရဲ့ သောက်ရေ/သုံးရေများ အဆင်ပြေလာမည် ဖြစ်ကြောင်း သိရှိရပါတယ်။

 

ခင်စန်းမြင့် (ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage